8 w - Translate

Sanskrit: its Contributions to Knowledge and Peace
ဘာသာစကားသင်မှု လမ်း ၂သွယ်
ဘာသာစကားသင်တာမှာ တလမ်းက လူမှုဆက်သွယ်ရေးအတွက် တနည်းအားဖြင့် လောကကိုချဲ့ဖို့ဖြစ်ပြီး Social / Functional / Communicative အထိုင်ပေါ် ရပ်တည်တဲ့လမ်းဖြစ်ပါတယ်။ Power and Ideology ကို တည်ဆောက်နေကြတဲ့ သမုတိလောကအတွက် ဘာသာစကားသင်ကြားကြတဲ့သူတွေ အများကြီးရှိတဲ့အတွက် အကျယ်ချဲ့ပြောစရာမလိုအောင် လူသိများတဲ့လမ်းဖြစ်ပါတယ်။ Pragmatics ပညာရပ်တို့ တွင်ကျယ်တယ်။
အခြားလမ်းတသွယ်ကတော့ ဘာသာစကားဟာ အသိရဲ့အစ အဝင် တနည်းအားဖြင့် လူသားနဲ့ ဘုရားသခင်ရဲ့ အချိတ်အဆက် စိတ်ရဲ့ပင်မအထိုင်ဆီ ပြန်ချဉ်းကပ်တဲ့ Linguistic Minimalism လောကချုံ့လမ်း၊ သုညတဆီပြန်ချဉ်းကပ်တဲ့ လမ်းဖြစ်ပါတယ်။ စိတ်ရဲ့ အန္တောဇဋာ ဗဟိဇဋာ ချည်ရှုပ်ချည်ထွေး အငင်အခက်ကြီးကနေ ပြန်ရုန်းထွက်လိုသူတို့ ခြေရာကောက်ပြီး ပြန်ထွက်တဲ့ သမ္ပဇဉ်ဘာသာဗေဒ Cognitive Linguistics ခေါ် သဒ္ဒပုဗ္ဗယောဂ / နျာယယောဂ ဖြစ်ပါတယ်။ Semantics ပညာရပ်ဆိုင်ရာနယ်ဖြစ်ပါတယ်။
သက္ကတ ဘာလို့ သင်ရတုံးလို့ မေးရင် Computer Coding Language တွေ သင်သလိုပေါ့လို့ ပြန်ဖြေရမှာဖြစ်ပါတယ်။ လောကရဲ့ ပြဿနာတွေကို ပြန်ဖြေရှင်းဖို့ algorithmic language ဆီ ပြန်သွားရတယ်မလား။ Formal Language လို့ ခေါ်တဲ့ ပကတိဘာသာစကား ဆိုတဲ့အရာ။ အဲ့သလိုပေါ့။ ဓာတ် ဆိုတဲ့ စကား သို့မဟုတ် အတွေးရဲ့ အခြေခံ Semantic Primes (Universals လို့ ယူဆကောင်းတဲ့အရာ) အပေါ် အတွေးအထပ်ထပ်ဟာ ပစ္စည်းများ၊ ဝိဘတ်များ၊ ကာရကနေရာချမှုများ၊ ဝါကျဆက်များ၊ သမာသ်များ၊ သာဓနများဆင့်လျက် ပဒအသစ်များအဖြစ် ဘယ်သို့ ဘယ်ပုံကျော့ကာ သွယ်ယှက်ကာ အနက်ဖွဲ့လာခဲ့ကြောင်း ဣသိကြီး၊ ယောဂီကြီး၊ ဘာသာစိန္တာကဝိကြီး တို့ဆီက နည်းခံယူပြီး မောက္ခတရားကို နားလည်ဖို့၊ နေ့တဓူဝ (နိစ္စဓူဝ) ရဲ့ စိတ်ပြဿနာတွေကို ဖြေရှင်းဖို့ သက္ကတသင်ကြားတာဖြစ်ပါတယ်။
မနက်ဖြန်ည ၉နာရီမှာ
ကျနော့်ရဲ့ Webinar ရှိမှာဖြစ်ပါတယ်။ Google Meet နဲ့ ဆွေးနွေးမှာဖြစ်ပြီး မနက်ဖြန် ည၈နာရီ ဒီစတေးတပ်စ်ကိုပဲ လင့်ခ်ထည့်သွင်းပြီး edit လုပ်ကာ ပြန်တင်ပါ့မယ်။
Sanskrit: its Contributions to Knowledge and Peace
စိတ်ဝင်စားသူတွေနဲ့ နောက်တပတ် သက္ကတသင်တန်းတက်မယ်လို့ စဉ်းစားသူတွေအတွက်ဖြစ်ပါတယ်။
ဆရာ ဦးဇော်မင်းဦး facebook page မှ ကူးယူပြီး ပြန်လည် ဖြန့်ဝေပါသည်။
မူရင်း link
https://www.facebook.com/share..../p/DVjz4rdqWmkxCEmb/

Update Your Browser