လူတွေကိုဝိနည်းသင်တဲ့အခါ

ဝိနည်းနဲ့မညီတိုင်း ရဟန်းမဟုတ်ဘူးလို့
မစွပ်စွဲမိအောင် သင်ပေးဖို့လိုပါတယ်

ပါရာဇိကအာပတ်ကလွဲရင်
ကျန်အာပတ်များကကုစား၍ရသလို
ကျန်အာပတ်များကျူးလွန်မိတိုင်း
ရဟန်းအဖြစ်ကဆုံးရှုံးသွားတာမဟုတ်ပါဘူး

မြတ်စွာဘုရားလက်ထက်မှာလဲ
အာပတ်ကျူးလွန်သူတွေများစွာရှိခဲ့ဖူးပါတယ်
သူတို့ ကျင့်ကြံနိုင်ကြတဲ့အခါ
ကိလေသာကုန်ခမ်းရဟန္တာဖြစ်သေးတာပဲ

ခုလဲ ရဟန်းအချို့
အာပတ်ကျူးလွန်တိုင်း
ရဟန်းမဟုတ်ဘူးလို့မစွပ်စွဲလိုပါ
တနေ့နေ့မှာ
သာသနာအတွက်ကြီးမားတဲ့
အထောက်အပံ့ကောင်းဖြစ်လာနိုင်ပါတယ်

ဂရုကအာပတ် လဟုကအာပတ်များကို
သေချာကွဲကွဲပြားပြားနားလည်အောင်
သင်ပေးကြဖို့လည်းလိုပါတယ်

လူတွေပဲကြည့်ပါ
အနည်းငယ်သောငါးပါးသီလတောင်
နိုင်အောင် ထိန်းဖို့ခက်နေကြသေးတာပဲ
ငါးပါးသီလပျက်တိုင်း
လူမဟုတ်ဘူးလို့ဆိုနိုင်ရိုးလား

ဒါကြောင်း
သင်ပေးသူကော
လေ့လာသူကော
သာသနာကိုချစ်တဲ့စိတ်နဲ့
သာသနာအတွက်
သဒ္ဓါတရားရှိရှိနဲ့လေ့လာကြဖို့လိုပါတယ်

လေ့လာသူတွေအနေနဲ့လည်း
သာသနာကိုပုတ်ခက်ဖို့
ရဟန်းများကိုစွပ်စွဲပုတ်ခက်ဖို့
အကုသိုလ်ယူဖိူ့မသင်ကြပါနဲ့

ချစ်လူတက္ကသိုလ်

image