8 w - Translate

၃၂ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပါကစ္စတန်အသင်း အိုလံပစ်ဆုတံဆိပ်ရရှိ

ပါကစ္စတန်အသင်းက လှံတံပစ်ပြိုင်ပွဲရဲ့ ရွှေဆုကို ရရှိခဲ့တာကြောင့် ၃၂ နှစ်တာအတွင်း ပထမဆုံးအကြိမ် အောင်မြင်မှု ပြန်ရလာခဲ့ပါတယ်။

ဒီလှံတံပစ်ပြိုင်ပွဲမှာ ပါကစ္စတန်ကစားသမား နာဒင်းဟာ ၉၂ ဒသမ ၉၇ မီတာအထိ ရောက်အောင်ပစ်နိုင်ခဲ့ပြီး အိုလံပစ်စံချိန်နဲ့အတူ ရွှေတံဆိပ်ပါ အရယူနိုင်ခဲ့ပါတယ်။

ဒီစံချိန်ဟာ ၂၀၂၄ ခုနှစ် အတွင်း အကောင်းဆုံး စံချိန်တခုလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိရွှေတံဆိပ်ဆုရှင် အိန္ဒိယနိုင်ငံသား ချောပရာကိုနာဒင်းက ကျော်ဖြတ်ပြီး အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

၁၉၉၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ ပါကစ္စတန် ဟော်ကီအသင်းက အိုလံပစ်ကြေးတံဆိပ် ရရှိခဲ့ပြီးနောက်ပိုင်း ဆုတံဆိပ်ရယူနိုင်ခြင်းမရှိတော့ဘဲ ၃၂ နှစ်အထိ ကြာမြင့်ခဲ့ပါတယ်။

အရှေ့တောင်အာရှမှာလည်း နာဒင်းဟာ မီတာ-၉၀ အထိရောက်အောင် ပစ်နိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် နာဒင်းဟာ ၂၀၂၃-ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမှာပါ ငွေတံဆိပ်ရရှိခဲ့ဖူးပြီး ပါကစ္စတန်နိုင်ငံအတွက် ကမ္ဘာ့အဆင့်ဆုတံဆိပ်ရရှိအောင် စွမ်းအောင်ပေးနိုင်ခဲ့ပါတယ်။

ပါရီအိုလံပစ်အားကစားနည်း ၃ မျိုးမှာ ပါကစ္စတန်အသင်း ကစားသမား ၇ ဦး ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
Source-Reuters

image