Frankie shared a post  
9 w

9 w

"အိပ်စက်ချိန်မမှန်ခြင်းကနေ
နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ"

အိပ်မရလို့ မအိပ်တော့ဘူး..
၂ နာရီပဲ ရှိသေးတယ် မအိပ်သေးဘူး !
မနက်စာ ထစားပြီးမှ တစ်ခါတည်းပေါင်း အိပ်တော့မယ်..ဒီလိုနဲ့ Facebookလေး ပွတ်လိုက် Tik Tok လေးကြည့်လိုက်နဲ့ တချို့ကလဲ MLBB,PUPG ဂိမ်းတွေနဲ့ မနက် ၂ နာရီ ၃ နာရီတွေထိုးကုန်ပြီး တစ်ညလုံးမအိပ်လိုက်ရတဲ့ သူတွေများနေတယ်ဆိုတာ သိပြီးသားပါ။

လူကြီးတွေ နေ့လည်စာစားပြီးနေပြီ ..
သူတို့က ခုမှအိပ်ကောင်းတုန်း..😉

အခုခေတ်လူ‌ငယ်တွေမှာ အဖြစ်ဆုံးကတော့ အိပ်စက်ချိန် နောက်ကျခြင်းပဲဖြစ်ပါတယ်။
Social Media,ရေပန်းစားတဲ့ဂိမ်းတွေပေါ်လာပြီးနောက်ပိုင်း လူငယ်တွေမှာ ပိုအဖြစ်များတော့တာပါပဲ။

ဒါကြောင့် အားလုံးသိထားသင့်တဲ့ အိပ်ရေးပျက်တာနဲ့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ပြောပြပေးပါမယ်..
👇👇👇

🔺Pressure များလာခြင်း

အိပ်ရေးပျက်တာများလာတဲ့အခါ Pressure များလာစေမှာပါ။အိပ်နေတဲ့အချိန်အတွင်းမှာ ဦးနှောက်ရဲ့ ဆဲလ်လေးတွေက တစ်နေ့တာ တွေ့ကြုံရသမျှကို မှတ်သားပေးပါတယ်။အိပ်စက်ချိန် နောက်ကျထားတဲ့အတွက် မနေ့က အကြောင်းအရာတွေကို မေ့လျော့နေပြီး ဆုံးဖြတ်ရမယ့် လုပ်ငန်းဆောင်တာတွေအပေါ်မှာ အပြည့်အဝအာရုံမစိုက်နိုင်တော့ပဲ အလုပ်ထဲမှာ ဖိအားကြီးတစ်ခုလို ဖြစ်လာပါလိမ့်မယ် ။

🔺ဝက်ခြံထွက်ခြင်း နဲ့ ရုပ်ပိုရင့်စေခြင်း

အိပ်ရေးပျက်တာကြောင့် ဝက်ခြံပေါက်ခြင်း ကိုလည်း ဖြစ်စေနိုင်ပြီး မျက်နှာနုနုလေးအပေါ် အမဲစက်တွေ ဖြစ်စေတော့မှာပါ။အသားအရေညစ်ပြီး အရေးအကြောင်းတွေ၊ မျက်ကွင်းညိုတာတွေ ဖြစ်စေနိုင်ပါသေးတယ်။ အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က cortisol ဟော်မုန်းတွေပိုထွက်လာပြီး အသားအရေချောမွေ့တင်းရင်းစေဖို့ ထိန်းသိမ်းပေးတဲ့ skin collagen တွေကိုလဲ
ပျက်စီးစေနိုင်ပါတယ်။

🔺ခန္ဓာကိုယ် ဝိတ်ပိုတက်စေခြင်း

အိပ်ချိန်မမှန်တဲ့အခါ ဇီဝကမ္မ ဖြစ်စဉ်တွေကို ကမောက်ကမ ဖြစ်စေပြီး ဆဲလ်တွေထဲမှာ oxidative stress ဖြစ်လာတာ၊ သွေးထဲမှာ ဂလူးကိုစ့်တွေ များလာတာ၊ ခန္ဓာကိုယ်ဆဲလ်တွေက အင်ဆူလင်ကို မတုန့်ပြန်တော့တာတွေဖြစ်ကာ ဝိတ်ပိုတက်စေခြင်း၊အဝလွန်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

ဆိုးကျိုးတွေကိုလဲ သိရှိပြီးပြီဆိုတော့ ညဆို
မအိပ်ဘဲနဲ့ ညဉ့်နက်တဲ့အထိ နေကြတဲ့သူတွေ နေ့စဉ် အိပ်ချိန်မှန်မှန် အိပ်စက်နိုင်ဖို့ ဂရုစိုက်သင့်ပါတယ်။ စောစောအိပ်ပြီး စောစောထမှသာ ဝိတ်မတက်ပဲ လှပကျန်းမာစေနိုင်မှာပါ။
အားလုံးပဲ ကောင်းမွန်သောဘဝ၊ကောင်းမွန်သောအိပ်စက်ခြင်းတွေနဲ့အတူ စိတ်ကြည်လင်မှုအဝဝကို ရရှိစေနိုင်ကြပါစေလို့ ဆုတောင်း တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။

#frankiestories
#littleworld

image