9 w - Translate

ဦးရေပြား ပိုးဝင်ခြင်းနဲ့ မှိုစွဲခြင်းရဲ့လက္ခဏာရပ်များ ..🦠🦠🦠

ဦးရေပြားပိုးဝင်တယ် ဆိုတာက(Tina Capitis) ခေါ်တဲ့ ဦးရေပြားမှိုကူးစက်မှု ဖြစ်တယ်လို့ ဆေးဝါးကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

ဦးရေပြားပိုးဝင်တဲ့အခါ ဆံပင်နဲ့ ဦးရေပြားကို နည်းအမျိုးမျိုးနဲ့ ထိခိုက်စေပါတယ်။ဦးရေပြားမှိုက ဆံပင်ကျွတ်တာတွေ၊ဦးရေပြားနီမြန်းရောင်ရမ်းတာတွေနဲ့ အတူ ဗောက်တွေကိုလဲ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဦးရေပြားမှိုဖြစ်တဲ့အခါ ဘယ်လို ပုံစံနဲ့ လက္ခဏာတွေရှိလဲ ဆိုတာကို အောက်ကအချက်လေးတွေနဲ့အတူ ဆက်လက်ပြောပြပေးပါမယ်။👇👇👇

🦠ပိုးဝင်တဲ့အခါ ယားယံခြင်း အနီကွက်နဲ့ အဖုများထခြင်း။
ရောဂါပိုးကူးစက်ခံရတဲ့ ဦးရေပြားမှာ ယားယံမှုတွေနဲ့ အနီကွက်ထတာတွေဖြစ်တတ်ပြီး ဦးရေပြားက ပျော့အိအိဖြစ်နေကာ ဝက်ခြံလို အဖုတွေ ထွက်လာတတ်ပါတယ်။

🦠ဆံပင်ကျွတ်ခြင်းနဲ့ ဆံသားကြေမွခြင်း။
ဦးရေပြားမှိုဖြစ်လာတဲ့အခါ ဆံပင်သာမန်ထက်ကျွတ်တာတွေနဲ့ ဆံသားကြေမွပျက်စီးတာတွေကိုလဲ ဖြစ်​စေနိုင်တာပါ။

🦠ဗောက်ကဲ့သို့ အဖတ်များ ဖြစ်ပေါ်စေခြင်း။
မှိုပိုးကြောင့်ဖြစ်လာတဲ့ ဦးရေပြားရဲ့ ပျော့အိအိနေရာတွေမှာ မြန်မြန်အရေခွံလဲ သလို ဖြစ်စေပြီး ဗောက်တွေလို အဖတ်တွေမြန်မြန်ဖြစ်စေကာ ဆံပင်အရင်းတွေကိုပါ ဒုက္ခပေးပါတော့တယ်။

🦠ခေါင်းခနခနကုတ်တဲ့အခါ Secondary Infection ဝင်ခြင်း။
ဒုတိယအဆင့်အနေနဲ့ ဒီလိုတွေခံစားရလို့ ခေါင်းကို ခနခနကုတ်တဲ့အခါ ဦးရေပြားကို အနာတရဖြစ်စေပြီး ဘက်တီးရီးယားပိုးများ ပေါက်ပွားစေကာ ဆံပင်ရဲ့ အရင်းအမြစ်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

"ကုသခြင်းထက် ကာကွယ်ခြင်းက ပိုမိုထိရောက်စေတယ်"ဆိုသလိုပဲ အခုလို ဦးရေပြား ပိုးဝင်တာနဲ့ မှိုစွဲတာတွေ မဖြစ်အောင် ကာကွယ်ရင်း မြတ်နိုးစရာ နူးညံ့လှပတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဗဟုသုတရဖွယ် တင်ဆက်လိုက်ရပါတယ် ခင်ဗျာ။

#frankiestories
#littleworld

image