9 w - Translate

ကိုယ်တိုင် ဆိုက်တွဲမောင်းပြီး ဝက်အူချောင်း၊ ခေါက်ဆွဲနွဲ့နဲ့ ကောက်ညှင်းအစာသွပ်တွေ ရောင်းတဲ့ အိမ်ရှင်မ

ဆိုင်ရှင် မမေဇင်ဟာဆိုရင် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းက ကူညီချင်တဲ့စိတ်နဲ့ ဒီလို ရောင်းနေတာလို့ သိရပါတယ်။ ကယားဝက်အူချောင်း တစ်ပွဲ ၃၀၀၀ ကျပ်၊ ကျိုင်းတုံခေါက်ဆွဲနွဲ့ တစ်ပွဲ ၁၅၀၀ ကျပ် နဲ့ ကောက်ညှင်းအစာသွပ် တစ်ပွဲကတော့ ၂၀၀၀ ကျပ်နဲ့ ရောင်းပေးနေတာပါ။ ညနေ ၄ နာရီခွဲဆို ဆိုင်စဖွင့်ပြီးတော့ လိပ်စာက တောင်ဒဂုံမြို့နယ်၊ ဂိတ်ဟောင်းဈေး၊ KFC ဆိုင်အနီးမှာ ရှိပါတယ်။

#duwun #duwunlifestyle #ကယားဝက်အူချောင်း

image
image
image
image
image