9 w - Translate

New York City မှာဒီနှစ် April ကစပြီး ကားမရပ်ရနေရာတွေမှာ ရပ်နားတဲ့ကားတွေကို Barnacle လို့ခေါ်တဲ့ အဝါရောင် ပလပ်စတစ်ပြားကြီးတွေ မှန်မှာကပ်ပြီး အရေးယူတဲ့စနစ်ကိုစတင်ခဲ့ပါတယ်။

အခွင့်မရှိနေရာမှာ ကားရပ်ခဲ့မယ်ဆိုရင် ယာဉ်ထိန်းရဲက ဒီအပြားကြီးလာကပ်သွားမှာပါ။ တပ်ဆင်ချိန် စက္ကန့်ပိုင်းသာကြာတာကြောင့် ၃ မိနစ်လောက်ကြာတဲ့ Parking boot (Wheel lock) ထက်အများကြီး အချိန်ကုန်သက်သာစေပါတယ်။

မှန်ကိုကွယ်နေတဲ့အတွက် ကားမောင်းလို့လည်းမရတော့ပါဘူး။ Parking boot တွေနေရာမှာအစားထိုးဖို့ရည်ရွယ်ထားတဲ့ ဒီနည်းညာမြင့် device မှာ Touch screen, alarm နှင့် GPS တွေလည်းပါဝင်တာကြောင့် ခွာဖို့ကြိုးစားရင် သို့မဟုတ် မခွာဘဲဒီတိုင်းမောင်းသွားရင်လည်း ချက်ချင်းသိနိုင်မှာပါ။

ဒါကိုပြန်ခွာဖို့အတွက် password လိုပါတယ်။ ဒီမှာပါတဲ့ QR code ကို scan ဖတ် ကားနံပါတ်တွေဖြည့်ပြီး ၁၈၅ ဒေါ်လာဒဏ်ကြေးဆောင်လိုက်ရင် ဖုန်းထဲကို Code ရောက်လာမှာပါ။ ပြီးရင်တော့ဒီအပြားကြီးကို ၂၄ နာရီအတွင်း သတ်မှတ်နေရာတွေကိုပြန်ပို့ပေးရပါမယ်။

#sfact
#s_cars

image