9 w - Translate

မေတ္တာအားပြိုင်မည့် ဇာတ်လမ်းတွဲ ယခုလအတွင်း ရိုက်ကူးမည်

၂၀၂၄၊ သြဂုတ် ၀၈

ချစ်ခြင်းမေတ္တာများ အားပြိုင်ကြမည့် “သုံးလွန်းတင်ပျို့” ဟုအမည်ရသော ဇာတ်လမ်းတွဲကို ယခုလအတွင်း ရိုက်ကူးသွားမည်ဖြစ်ကြောင်း Mahar Entertainment မှ သိရသည်။

အဆိုပါဇာတ်လမ်းတွဲမှာ Mahar Entertainment ၏ Original Series လည်းဖြစ်ပြီး အပိုင်း ၂၀ ပါဝင်မည်ဖြစ်သလို ယခုလအတွင်း ရိုက်ကူးသွားမည်ဟု သိရသည်။ထိုဇာတ်လမ်းတွဲကို ဝတ္ထု သျှင်မ၊ ဇာတ်ညွှန်း ညမွှေးပန်းနှင့် ငွေစင်သွန်းတို့က ရေးသားပြီး ဒါရိုက်တာ ကြည်ဖြူသျှင်မှ ရိုက်ကူးသွားမည့် အချစ်ဇာတ်လမ်းလည်းဖြစ်ကြောင်း၊ သရုပ်ဆောင်များအဖြစ် ချမ်းမင်းရဲထွဋ်၊ ပိုးမမှီသာ၊ ဆုပန်ထွာ၊ ဖူးစုံ၊ မင်းအာကာ၊ မိုးပွင့်ဖြူ၊ Kai ၊ အောင်လွင်မိုး၊ မြတ်သူရိန်ကျော်၊ တာတာ၊ မေသွယ်၊ မြတ်အမရာ စသည့် သရုပ်ဆောင်များ ပါဝင်ထားကြသည်။

“ကျွန်မနဲ့ မဟာရဲ့ ပထမဆုံး ဇာတ်လမ်းတွဲပါ” ဟုလည်း ဒါရိုက်တာ ကြည်ဖြူသျှင်မှ ဆိုထားသည်။

ထိုဇာတ်ကားအတွင်းပါဝင်မည့် သရုပ်ဆောင် ဆုပန်ထွာကလည်း “ကျွန်မ ဒေါ်မင်းမာလာ မိန်းမသုံးယောက်အားပြိုင်မှုလေး အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ့မယ်ရှင့်” ဟုလည်း ယင်းဇာတ်လမ်းတွဲနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ပရိသတ်များကို အသိပေးထားလျက်ရှိသည်။

ထိုဇာတ်လမ်းတွဲနှင့်ပတ်သက်သည့် ကန်တော့ပွဲပေးသော အခမ်းအနားတစ်ရပ်ကို သြဂုတ် ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်က အိမ်တော်ရာစေတီ၌ ကျင်းပခဲ့ကြသလို ဇာတ်လမ်းတွဲ ရိုက်ကူးပြီးသည့်အခါ Mahar Application တွင် ထုတ်လွှင့်ပြသသွားမည်ဟုလည်း သိရသည်။

ရန်ကုန်၊ ဇော်မင်း
Photo : Mahar Entertainment

image