9 w - Translate

ဒေါ်လာ ၄၄ သန်းကျော်နှင့် ကျပ်သန်း ၅၇,၀၀၀ ကျော် တန်ဖိုးရှိ လုပ်ငန်းငါးခု မြှုပ်နှံခွင့်ပြု

၂၀၂၄၊ သြဂုတ် ၀၈

ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၄၄ သန်းကျော်နှင့် ကျပ်သန်း ၅၇,၀၀၀ ကျော်တန်ဖိုးရှိ လုပ်ငန်းငါးခုကို မြှုပ်နှံလုပ်ကိုင်ခွင့်ပြုကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၇/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်၌ ကျင်းပခဲ့ရာ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍတို့မှ ဝင်ရောက်မြှုပ်နှံမည့် အဆိုပါလုပ်ငန်းငါးခုကို ခွင့်ပြုလိုက်ခြင်းလည်းဖြစ်သည်။

ယခု ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံနှင့် ဒေသများမှာ ၅၃ ခုရှိပြီး စင်ကာပူ၊ တရုတ်နှင့် ထိုင်းတို့မှ အများဆုံးရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားကြကြောင်း၊ ရင်းနှီးမြှုပ်နှံနိုင်မည့် စီးပွားရေးကဏ္ဍ ၁၂ ခုအနက် စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၅ ရာခိုင်နှုန်းရှိကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၂၄ ဒသမ ၄၁ ရာခိုင်နှုန်းနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၄ ဒသမ ၄၅ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံမှုရှိကြောင်း သိရသည်။

ရန်ကုန်၊ ဇော်မင်း

image