9 w - Translate

💔သင်သေသွားသော်
After You Are Gone

သြော်..လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွား‌သောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေသတည်း။

ဆရာဇော်ဂျီ
၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာလ
အိုးဝေမဂ္ဂဇင်း

#ဆရာဇော်ဂျီ
#သင်သေသွားသော်