9 w - Translate

Connecting Ideas - အတွေးများချိတ်ဆက်ခြင်း (၂)
အိုင်ဒီယာအတွေးလေးတွေကို စကားအဖြစ် ချိတ်ဆက်ရာမှာ စကားစု စကားတွဲလေးတွေဟာ သက်ဆိုင်ရာ ခေါင်းစဉ်လေးတွေအောက်မှာ
ရှိနေတတ်တာကို အပိုင်း (၁) မှာ အကြမ်းမိတ်ဆက်ပေးခဲ့ပါတယ်။ အခုဆက်ပြောမှာကတော့ အဲဒီခေါင်းစဉ်လေး တခုချင်းစီအောက်မှာပဲ မတူညီတဲ့ စကားတွဲလေးတွေ ထပ်ပြီးကွဲနေပါတယ်။
ဒါဖြင့် ခေါင်းစဉ်တူအောက်မှာ မတူညီတဲ့ အိုင်ဒီယာအခွဲလေးတွေ ထပ်ရှိနေတာပေါ့။ ဟုတ်ပါတယ်။
phrases for adding information လို့ အင်တာနက်မှာ ရှာကြည့်ပါ။
Additionally,
Furthermore,
Moreover,
Also,
In addition,
As well as this,
Besides,
On top of that,
Apart from this,
What's more,
Likewise,
Not to mention,
Equally important,
To add to this,
Along with this, စသဖြင့် တွေ့မှာဖြစ်ပါတယ်။
ChatGPT ကိုပဲမေးမေး, google ပဲရှာရှာ, စာအုပ်တွေကို လိုက်ကြည့်တာပဲဖြစ်ဖြစ် များစွာတွေ့နိုင်ပါတယ်။
ပြဿနာက ဒီလို ပြန့်ကျဲနေတာတွေကို ဘယ်လိုစုမလဲရယ်၊ အကုန်လိုက်ကျက်ထားရမှာလား ဆိုတဲ့ မေးခွန်းရယ်, တခုခု နဲ့ တခု ဘာကွာတာလဲ, ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လိုသုံးရမလဲ ဆိုတဲ့ မေးခွန်းတွေ တန်းစီတက်လာမှာဖြစ်ပါတယ်။
ဖြေရှင်းရမှာက ကိုယ်တိုင် အလုပ်လုပ်ဖို့ အဓိက ဖြစ်ပြီးတော့ ပြောပြသူက နည်းလမ်းသာပေးနိုင်မှာသာ ဖြစ်ပါတယ်။
နောက်အပိုင်းတွေမှာတော့ နည်းလမ်းလေးတွေ အကြောင်း တစေ့တစောင်း ပြောပြသွားပေးမှာ ဖြစ်ပါတယ်။
#connectingideas