9 w - Translate - Facebook

UNDP Myanmar ရဲ့ eLearning Portal for MSMEs (https://msmelearning.mm.undp.org/) ကို တရားဝင်စတင်မိတ်ဆက်ပြီး (9) လအတွင်း အကောင့်ဖွင့်လေ့လာအသုံးပြုနေသူ (550 ကျော်သွားပြီဖြစ်လို့ အကောင့်မဖွင့်ရသေးရင် အခုပဲ အကောင့်သစ်ဖွင့်ပြီး မိမိကြိုက်နှစ်သက်ရာစီးပွားရေးသင်တန်းကို မြန်မာဘာသာနဲ့ အခမဲ့လေ့လာနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ လောလောဆယ် လေ့လာနိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (18) ခုရှိပြီး MSME တွေ အကြံပြုထားတဲ့ သင်တန်းအသစ်တွေကိုလည်း ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ ပြင်ဆင်မှုတွေလုပ်နေပြီး ထပ်မံဖြည့်စွက်သွားမှာ ဖြစ်ပါတယ်။
....
ယခုလေ့လာနိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (၁၈) ခု
၁။ စီးပွားရေးလုပ်ငန်းပုံစံရေးဆွဲခြင်း (Business Model Canvas)
https://msmelearning.mm.undp.o....rg/.../612755417746f
၂။ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာနားလည်တတ်မြောက်မှု (Financial Literacy)
https://msmelearning.mm.undp.o....rg/.../63ae6609a7ddd
၃။ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု (Financial Management)
https://msmelearning.mm.undp.o....rg/.../63ae6a2ba7ddd
၄။ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု (Food Safety & Quality Management)
https://msmelearning.mm.undp.o....rg/.../63f8658ba7ddd
၅။အမျိုးသမီးစွန့်ဦးတီထွင်ခြင်းနှင့် လုပ်ပိုင်ခွင့်စွမ်းအားမြှင့်တင်ခြင်း (Women Entrepreneurship and Empowerment)
https://msmelearning.mm.undp.o....rg/.../63e08deda7ddd
၆။ စတင်လုပ်ကိုင်သည့်လုပ်ငန်း၊ စွန့်ဦးတီထွင်မှုနှင့် ဆန်းသစ်တီထွင်ခြင်း (Startup, Entrepreneurship and Innovation)
https://msmelearning.mm.undp.o....rg/.../61e13665a7ddd
၇။ လုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development)
https://msmelearning.mm.undp.o....rg/.../63c77730a7ddd
၈။ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး (Business Development)
https://msmelearning.mm.undp.o....rg/.../622b0ed5a7ddd
၉။ ဒစ်ဂျစ်တယ်ဆိုင်ရာ နားလည်တတ်မြောက်မှု (Digital Literacy)
https://msmelearning.mm.undp.o....rg/.../614c2b3a6bb88
၁၀။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation)
https://msmelearning.mm.undp.o....rg/.../63bbbd28a7ddd
၁၁။ မြန်မာနိုင်ငံရှိ MSME များနှင့်သက်ဆိုင်သည့် ဉပဒေနှင့်စည်းမျဉ်းစည်းကမ်းမူဘောင်များ (Legal and regulatory environment for MSMEs in Myanmar)
https://msmelearning.mm.undp.o....rg/.../63f86ccda7ddd
၁၂။ သဘာဝပတ်ဝန်းကျင်ကို အလေးထားသည့် MSME များ ဖွံ့ဖြိုးတိုးတက်ရေး (Green MSMEs Development)
https://msmelearning.mm.undp.o....rg/.../63e08b79a7ddd
၁၃။ eCommerce
https://msmelearning.mm.undp.o....rg/.../649bdb59d15ef
၁၄။ ဈေးကွက်ချဲ့ထွင်ခြင်းနှင့် အမှတ်တံဆိပ်မြှင့်တင်ခြင်း (Marketing & Branding)
https://msmelearning.mm.undp.o....rg/.../6139cb156bb88
၁၅။ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အ‌ခြေခံအုတ်မြစ် (Basic) (Foundation of Responsible Business - Basic)
https://msmelearning.mm.undp.o....rg/.../6650401fdb94e
၁၆။ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အ‌ခြေခံအုတ်မြစ် (Intermediate) (Foundation of Responsible Business - Intermediate)
https://msmelearning.mm.undp.o....rg/.../6673d852e7adb
၁၇။ ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု (Risk Management)
https://msmelearning.mm.undp.o....rg/.../667e6037e7adb
၁၈။ ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းဆီသို့ (Towards a Sustainable Business)
https://msmelearning.mm.undp.o....rg/.../65769402550ce
….
eLearning Portal for MSMEs ရဲ့ထူးခြားချက်ကတော့ သင်ခန်းစာအားလုံး၊ ဗီဒီယိုအားလုံးကို "မြန်မာဘာသာစကား" နဲ့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ သင်ခန်းစာပါဝါပွိုင့်တွေကိုလည်း မြန်မာဘာသာနဲ့ ပြင်ထားပြီး ဒေါင်းလုတ်ဆွဲပြီးတော့ ကြိုက်တဲ့အချိန်၊ အင်တာနက်မရတဲ့အချိန်တွေမှာလည်း ပြန်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် သင်တန်းတစ်ခုလေ့လာပြီးတိုင်း Final test ဖြေဆိုအောင်မြင်ရင် UNDP (ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်)က ပေးတဲ့ သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion) ကိုလည်း အခမဲ့ ရရှိမှာဖြစ်ပါတယ်။
….
eLearning Portal for MSMEs (https://msmelearning.mm.undp.org/) မှာ အကောင့်ဖွင့်ပုံ၊ သင်တန်းရွေးချယ်တက်ပုံ၊ ဖိုင်ဒေါင်းလုတ်ဆွဲပုံတွေပါတဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်လေးနှိပ်ပြီး ကြည့်နိုင်ပါတယ်။
https://www.facebook.com/MMeLe....arningPortal/videos/
….
UNDP Myanmar ရဲ့ eLearning Portal for MSMEs ဆိုင်ရာ စိတ်ဝင်စားဖွယ်အစီအစဉ်တွေ၊ သင်တန်းတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးကြေညာပေးသွားမှာဖြစ်လို့ Facebook, LinkedIn, Viber နဲ့ Telegram တွေမှာ အောက်ကလင့်တွေကိုနှိပ်ပြီး like & follow /subscribe လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Facebook: https://www.facebook.com/MMeLearningPortal
Telegram: https://t.me/eLearningPortal4MSMEs
LinkedIn: https://www.linkedin.com/.../e....-learning-portal-for
Viber: https://invite.viber.com/...
ပုံထဲမှာပါတဲ့ QR ကုတ်တွေကို ဖုန်းကဲင်မရာနဲ့ စကဲင်ဖတ်ပြီးလည်း Follow/ Subscribe လုပ်နိုင်ပါတယ်။
....
Sharing is caring!