10 w - Translate

အကြားအမြင်ပညာကို နည်း၏ဟူ၍ မအောက်မေ့ရ။ မိမိစိတ်ထဲ၌ သွင်းထား ရာ၏။ တောင်ပို့ ၌ ရေပေါက်သည် ကျဖန်များစွာ ကြာရှည်သဖြင့် ပြည့်သကဲ့သို့ တည်း။

ရှင်းချက်။ ။

ဗဟုသုတကို အထင်မသေးပါနှင့်။ မိမိစိတ်ထဲတွင် ရသမျှဗဟုသုတကို သိမ်းဆည်းထားပါ။ ခြတောင်ပို့ပေါ်မှာ ရေပေါက်များစွာ ကြာရှည်ကျလျှင် ထိုတောင်ပို့သည် ရေပြည့်သွားပေလိမ့်မည်။

Do not think little of general knowledge. You should store it in your mind. The anthill will be full after drops of water fall on it for a long time.

Explanation:

Do not despise gerenal knowledge. You should acquire it. Your mind will be full of knowledge gradually just as an anthill is gull after drops of water falling on it for long.

#lawkaniti
#လောကနီတိ
#zawthethmue