10 w - Translate

ဆယ်သန်း (THE 10,000,00 မဂ္ဂဇင်း/ဂျာနယ်
************************
ဆယ်သန်းမဂ္ဂဇင်းကို ၁၉၃၅ ခုနှစ်တွင် စတင်ထုတ်ဝေသည်။ အတွဲ (၁)၊ အမှတ် (၁၁) အထိ မဂ္ဂဇင်းအဖြစ် ထုတ်ဝေခဲ့ပြီး ၁၉၃၆ ခုနှစ်၊ ဇန်နဝါရီလထုတ် အတွဲ (၁)၊ အမှတ် (၁၂) မှ စ၍ ဂျာနယ်အဖြစ် အပတ်စဉ် ထုတ်ဝေခဲ့သည်။ အဆိုပါ အတွဲ (၁)၊ အမှတ် (၁၂) ကိုလည်း အတွဲ (၂)၊ အမှတ် (၁) အဖြစ် ပြင်ဆင်သတ်မှတ်ကြောင်း နောက်အပတ်ထုတ်ဂျာနယ်တွင် ဖော်ပြခဲ့သည်။ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သူများမှာ မြို့မမောင်၊ လောကဓာတ် ဦးမောင်မောင်၊ ဒဂုန်နတ်ရှင် နှင့် ပီမိုးနင်း တို့ ဖြစ်ကြသည်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်ဝေခဲ့ပြီး အတွဲ (၂)၊ အမှတ် (၆) မှစ၍ ဗုဒ္ဓဟူးနေ့တိုင်း ထုတ်ဝေသည်။ တန်ဖိုးမှာ ၄ ပဲ ဖြစ်သည်။
ဆယ်သန်းမျက်နှာဖုံးတွင် ‘ခေတ်ကြီးကို မြန်မြန်ပြောင်းကြစို့’ ဟု ဖော်ပြခဲ့ပြီး နောက်ပိုင်း တွင် ‘ခေတ်ကြီးကို အတင်းပြောင်းမည်’ ဟု ပြောင်းလဲဖော်ပြခဲ့သည်။ ဆယ်သန်းမဂ္ဂဇင်း/ ဂျာနယ်တွင် စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အတွေ့အကြုံများ၊ စီးပွားရေး အတွေးအမြင်များ၊ မြန်မာကုန်သည်များနှင့် နိုင်ငံခြားကုန်သည်များ၏ လုပ်ငန်းဆောင်ရွက်မှု နှိုင်းယှဉ်ချက်များ၊ မြန်မာ့စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းများ၊ ဘဏ်လုပ်ငန်း၊ ဆယ်သန်းနီတိ၊ ဓာတ်ပုံသတင်းစုံ၊ လက်မှုပညာ၊ အိမ်တွင်းမှုလုပ်ငန်းနှင့် အမျိုးသမီးများ ကြီးပွား တိုးတက်ရေးဆိုင်ရာများ စသည့် စီးပွားရေးဆိုင်ရာ ဆောင်းပါး၊ သတင်းများကို အဓိကထား တင်ပြထားပြီး ကျန်းမာရေး၊ သာသနာရေး၊ စိတ်ပညာ၊ ပညာရေး၊ နိုင်ငံရေး၊ အတ္ထုပ္ပတ္တိနှင့် ဝတ္ထုတိုများ စသည်ဖြင့်လည်း အကြောင်းအရာကဏ္ဍ စုံလင်စွာ ပါဝင်သည်။
ဆယ်သန်း မဂ္ဂဇင်း/ဂျာနယ် တချို့ကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ၏ Online Digital Library ရှိ အောက်ပါ Link များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည် -
၁။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၃ (၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၂။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၄ (၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၃။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၅ (ဖေဖော်ဝါရီ ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၄။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၆ (၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၅။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၇ (၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၆။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၉ (၁၁ မတ် ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၇။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၁၀ (၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၈။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၁၁ (၂၅ မတ် ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၉။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၁၂ (၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၁၀။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၁၃ (ဧပြီ ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၁၁။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၁၄ (၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၁၂။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၁၅ (၆ မေ ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၁၃။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၃၊ မှတ် ၈ (၂၀ ဇွန် ၁၉၃၇)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၃-၈-၂၀၂၄
အမျိုးသားစာကြည့်တိုက် (နေပြည်တော်)
www.nlmnpt.gov.mm