Frankie shared a post  
14 w - Translate

❤️

14 w

တစ်နေ့တခြား ပူလာတဲ့ဗိုက်ကို ဘယ်လိုနည်းနဲ့ ထိန်းသိမ်းကြမလဲ ..❓
"အရမ်း ကြည့်ကောင်းပြီးတော့ ဗိုက်ချပ်သွားတယ်နော်"ဆိုတဲ့ စကားတွေရဲ့နောက်မှာ
လျှို့ဝှက်ချက်နဲ့အတူ ကြိုးစားမှုတွေ ရှိနေပါတယ်..
အင်္ကျီအတိုအပြတ်လေးတွေ ခေတ်စားလာတဲ့အခါမှာ မိန်းကလေးတိုင်းလိုလို ခါးချပ်ချပ်လေးနဲ့ ဝတ်ချင်ကြတာ အမှန်ပါပဲ။အမျိုးသားတိုင်းကလဲ ကျစ်လစ်တဲ့ ခန္ဒာကိုယ်နဲ့အတူ ဗိုက်ပူမနေပဲ သွက်လက်တဲ့ ခြေလှမ်းတိုင်းကို ပိုင်ဆိုင်ချင်ကြမှာပါ။
ဒါဆိုရင် ဘယ်လိုအရာမျိုးလေးတွေက ဆောင်ရမယ် ဘယ်လိုအရာတွေကို ရှောင်ရမယ် ဆိုတာကို Sharing လုပ်ပေးပါရစေခင်ဗျာ..👇👇👇
🤰အချိန်မှန်မှန် အိပ်ပါ..
ပထမဆုံးအနေနဲ့ကတော့ အိပ်ရေးပျက်တာကလဲ လူ့ခန္ဓာကိုယ်ရဲ့ အဆီဓာတ်ကို တိုးလာစေပါတယ်။ဒါကြောင့် အချိန်လွန်မှ အိပ်စက်တာမျိုးတွေကို ရှောင်ရှားသင့်ပါတယ်။
🫃သကြားစားသုံးမှု လျှော့ပါ..
သကြားဓာတ် လွန်ကဲစွာ စားသုံးတာကို ရှောင်ကြဉ်ရပါမယ်။သကြားဓာတ်ကလည်း အဆီတိုးစေတဲ့ အဓိကလက်နက်ကြီးတစ်ခုပါ ။
🤰ပိန်ဆေးမသောက်ပဲ Gym သွားပါ..
ပိန်ဆေးတွေသောက်နေတာထက် သူများBody ကို အားကျမနေပဲ ကိုယ်တိုင် Fitness တွေလုပ်ကြည့်တာက ခန္ဓာကိုယ်ကို ပိုပြီးသွယ်လျလှပလာစေမှာပါ ။
🫃အိမ်နေရင်း လေ့ကျင့်ခန်းလုပ်ပါ..
နောက်တစ်ခုက အိမ်မှာနေရင်း ခါးလှည့်ကွင်းလှည့်ပေးခြင်း ဖြစ်ပါတယ်။ခါးလှည့်ကွင်း လှည့်ပေးခြင်းကလဲ အဆီပိုတွေကို လျော့ချစေပြီးတော့ ဗိုက်ချပ်စေကာ ခါးသွယ်သွယ်လေး ရရှိစေပါတယ်။
🤰အရွက်များများ ပိုစားပါ..
အရွက်တွေက အဆီဓာတ်လွန်ကဲတဲ့ အသားတွေထက် Diet Plan နဲ့ စားသုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့ Calories ကို ကောင်းကောင်း ထိန်းသိမ်းပေးနိုင်ပါတယ်။
🫃အရက်၊ဘီယာကို လျှော့ပါ..
အခုခေတ်မှာ Bar မထိုင်တဲ့ သူ၊မသောက်မစားတဲ့သူက လက်ချိုးရေလို့ ရနေပေမယ့် အတတ်နိုင်ဆုံး အရက်၊ဘီယာကို လျှော့ပြီး ဆင်ခြင်တဲ့ အခါမှာလဲ ခန္ဒာကိုယ် လှပကျန်းမာစေနိုင်ပါတယ်။
ကဲ ဒါဆိုရင်တော့ လေ့ကျင့်ခန်းလဲလုပ်ရင်း
သင့်တင့်မျှတတဲ့ အစားအသောက်နေထိုင်မှုတွေနဲ့ အတူ ပူနေတဲ့ဗိုက်တွေကနေ သွယ်လျတဲ့ခန္ဓာကိုယ်ဖြစ်အောင် ပြောင်းလဲထိန်းသိမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ဆက်လိုက်ရပါတယ် ခင်ဗျာ။
#frankie
#littleworld

image