Frankie shared a post  
15 w - Translate

❤️

15 w

ဆံပင်ကျွတ်စေနိုင်တဲ့ အခြေခံ အကြောင်းရင်း (၁၁) ချက် 💥

ဆံပင်ဆိုတာ ဒုတိယမျက်နှာလို့ ဆိုကြပါတယ်။
ဒါဆိုရင် ကိုယ့်ရဲ့ဆံပင်ထိန်းသိမ်းမှုက ဘယ်လောက်ထိ တစ်ကိုယ်ရေ သန့်ရှင်းမှု အဆင့်တန်းကို မြှင့်တင်ပေး နိုင်တယ်လို့ ထင်ပါသလဲ❓

ဟုတ်ပါတယ်..
ကျန်းမာတဲ့ ဆံသားကို ပိုင်ဆိုင်ခြင်းဟာလဲ
တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက် အဓိပ္ပာယ်ရှိစေတဲ့ အချက်တစ်ခုပါ။

ဒီတော့ ကျန်းမာတဲ့ ဆံသားဖြစ်စေဖို့ အသိပညာပေးအနေနဲ့ ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်းအခြေခံ (၁၁)ချက်ကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။ဒီအချက်တွေကို သိရှိပြီး ဆံကေသာကျန်းမာရေးအတွက် ဗဟုသုတတွေ ရရှိလာစေမှာပါ။👇👇👇

၁။မျိုးရိုးဗီဇနဲ့ ဟော်မုန်းပြောင်းလဲခြင်း။
မျိုးရိုးဗီဇ (androgenetic alopecia) ကြောင့် အမျိုးသား၊အမျိုးသမီးမရွေး နဖူးပြောင်တာတွေဖြစ်စေပြီး လူပျို၊အပျို ဖော်ဝင်ကာစနဲ့ အမျိုးသမီးများ မီးဖွားချိန်တွေမှာ ဖြစ်တဲ့ ဟော်မုန်း ပြောင်းလဲမှုတွေကြောင့်လဲ ဆံပင်ကျွတ်စေနိုင်ပါတယ်။

၂။ဆေးဝါး အလွန်အကျွံသောက်ရခြင်း။
ခန္ဓာကိုယ်မှာရောဂါတွေ ရှိနေလို့ ဥပမာ(ဆီးချို၊​သိုင်းရွိုက်၊နာတာရှည်)စတဲ့ ရောဂါတွေကြောင့် ဆေးဝါးတွေသောက်နေရတာကြောင့်လဲ ဆံပင်ကျွတ်တာတွေ ဖြစ်နိုင်ပါတယ်။

၃။အာဟာရဓာတ်ချို့တဲ့ခြင်း။
သံဓာတ်၊ဇင့်၊Vitamin D နဲ့ ခန္ဓာကိုယ်အတွက် တခြားလိုအပ်တဲ့ ဓာတ်တွေကို ဖြည့်တင်းမထားရင်လဲ ဆံပင်တွေကို ကျွတ်စေပါတယ်။

၄။စိတ်ဖိစီးမှုများခြင်း။
ပြင်းထန်တဲ့ စိတ်ဖိစီးမှုကြောင့် (telogen effluvium)လို့ခေါ်တဲ့ မွှေးညှင်းပေါက် အလုပ်လုပ်တာတွေကို ရပ်တန့်စေပြီး ဆံပင်တွေကို ကျွတ်စေတဲ့အတွက် စိတ်ဖိစီးမှု နည်းအောင်နေသင့်ပါတယ်။

၅။ဆံပင်အရောင်ဆိုးခြင်း နဲ့ အပူပေးစက်များ အသုံးပြုခြင်း။
ဆံပင်အရောင်ဆိုးခြင်းက ဆံသားတွေနဲ့ဦးရေပြားကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေပါဝင်တာကြောင့် ဆံသားပျက်စီးစေမှုကို ၈၀% ဖြစ်ပေါ်စေပါတယ်။အပူပေးစက်တွေ အလွန်အကျွံ သုံးခြင်းဖြင့်လဲ ဆံပင်တွေကျွတ်ပြီး ဆံကေသာပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။

၆။အသက်အရွယ်ရလာခြင်း။
အသက်အရွယ်တစ်ခုကို ရောက်လာတဲ့အခါ
ဆံပင်ကျွတ်တယ်ဆိုတာ သဘာဝရဲ့ သဘောတရားတစ်ခုပါ။အသက်ကြီးလာတာနဲ့အမျှ ဟော်မုန်းပြောင်းလဲမှုနဲ့ အတူ ဆံပင်ကျွတ်နှုန်းတိုးလာနိုင်ပါတယ်။

၇။ဦးရေပြား ပိုးဝင်ပြီး အရည်ဓာတ်လိုအပ်ခြင်း။
ဦးရေပြားခြောက်ကပ်နေခြင်းက ဆံပင်အရင်းအမြစ်ကို ထိခိုက်စေနိုင်ပြီး ဆံပင်ကျွတ်ခြင်း၊ ဆံပင်အရှည်နှေးခြင်း စသည်ဖြင့် ဖြစ်စေနိုင်ပါတယ်။ဆံသားမှာ မှိုပိုးဝင်ခြင်းဆိုတဲ့ (ringworm)ဖြစ်လာပြီဆိုရင်လဲ အချိန်မီ ကုသရပါတယ်။ပေါ့ပေါ့ဆဆနေပြီး မကုသတဲ့အခါမှာလဲ ဆံပင်တွေ ကျွတ်စေပါတယ်။

၈။ဆံပင်ကို တင်းကျပ်စွာ ထုံးဖွဲ့ခြင်း။
ကြာရှည်စွာ ကျစ်ဆံမြီးကျစ်ခြင်း၊ဆံထုံးကြာရှည်ထုံးထားခြင်းတွေက ဆံသားတင်းကျပ်နေစေပြီး ဆံပင်အရင်းတွေကို နာစေကာ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်တာပါ။

၉။ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ။
ပတ်ဝန်းကျင်မှာရှိတဲ့ နေရောင်ခြည်ဓာတ်
လွန်ကဲတာတွေနဲ့ ဆံသား ညစ်ညမ်းစေတဲ့ လေထုရဲ့ ဒဏ်တွေကြောင့်လဲ ဆံပင်ကျွတ်ခြင်းတွေ ဖြစ်လာရပါတယ်။

၁၀၊၊ရက်လွန်ပစ္စည်းတွေကို အသုံးပြုခြင်း။
ရက်လွန်ပစ္စည်းတွေအသုံးပြုခြင်းက
ဆံပင်အင်မတန်ကျွတ်စေတဲ့အပြင် ဆံပင်ပြန်ပေါက်လာစေဖို့ကိုလည်း ခက်ခဲစေပါတယ်။ဒါမျိုးက သေချာပေါက်ရှောင်ကြဉ်ရမယ့်အရာပါ။ဈေးသက်သာတဲ့ အရာတွေအသုံးပြုမယ်ဆိုရင် ရက်လွန်မလွန်သေချာကြည့်စေချင်ပါတယ်။

၁၁။ခေါင်းပုံမှန်မလျှော်ခြင်း။
ခေါင်းပုံမှန် မလျှော်ခြင်းက ဗောက်ထခြင်း၊ဆံကေသာမွဲခြောက်ခြင်း၊ဘီးဖြီးတိုင်းဆံပင်ကျွတ်ခြင်းကိုဖြစ်နိုင်စေတဲ့ အဓိကအကြောင်းအရာဖြစ်လို့ မိမိနဲ့ သင့်တော်မယ့် ခေါင်းလျှော်ရည်ကို အသုံးပြုပြီး နှစ်ရက်ခြား(သို့)သုံးရက်ခြားခေါင်းလျှော်ပေးသင့်ပါတယ်။

ကဲ ဒါဆိုရင်တော့ ချစ်ရသူတွေလဲ လူအများကြား ထွန်းလင်းပြီး ယုံကြည်မှုရှိစေနိုင်တဲ့ ဆံကေသာအလှတရားကို ပိုင်ဆိုင်တဲ့သူတွေဖြစ်ပါစေလို့ ဆုတောင်းရင်း နှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ။

#frankie
#littleworld

image