15 w - Translate

ရောင့်ရဲခြင်း နဲ့ ပြည့်စုံတဲ့ ဘဝဆိုတာ..

မိမိစိတ်ရဲ့ လက်ခံမှုကြောင့် ဖြစ်ပေါ်လာရတဲ့
ကောင်းခြင်း၊ဆိုးခြင်းတွေ အပေါ် စိတ်အလိုလိုက်ပြီး မခံစားပါနဲ့..

လူဆိုတဲ့ အမျိုးက အတောမသတ်နိုင်တဲ့ လိုချင်တပ်မက်မှုတွေရှိကြတယ် မဟုတ်လား?

ဥပမာပြောရရင် ..
လွတ်လပ်မှု မရှိတဲ့ လူငယ်တယောက်ပေါ့
သူ့မိဘက ချုပ်ချယ်လို့ လွတ်လွတ်လပ်လပ်မနေရဘူး..
အဲ့ဒီ အချိန်မှာ သူလွတ်လပ်မှုကို တောင့်တတယ်..
ဒါပေမယ့် အဲ့အချိန်မှာပဲ သူ့မိဘနှစ်ပါး ရုတ်တရက်မရှိကြတော့ဘူး..
သူလိုချင်တဲ့ လွတ်လပ်မှုတွေ ချက်ချင်းရသွားတယ် ..
ဒီအချိန်မှာကျ ရလာတဲ့ လွတ်လပ်မှုကို
သူမလိုချင်တော့ဘူး ..
အရင်ကမိဘစုံစုံလင်လင်နဲ့ ချုပ်ချယ်ခံရတဲ့ဘဝကို ပြန်သွားချင်ပြန်တယ်..

ဒီသဘောပါပဲ ..ကျွန်တော်တို့တွေဟာ လက်တွေ့ဘဝနဲ့ မိမိအတ္တကြားမှာ လွန်ဆွဲနေပြီး ရှိနေတဲ့ အချိန်တွေကို စိတ်တိုင်းမကျ တန်ဖိုးမထားတတ်ကြဘူး..

ဒါကြောင့် သူများကိုပဲအားကျမနေသင့်ပါဘူး..
ဘဝဖြတ်သန်းနေရတဲ့ အချိန်ကာလတခုမှာ မိမိဖြစ်တည်နေတဲ့အရာကို တန်ဖိုးထားလက်ခံပြီး တထပ်တည်းကျအောင်နေနိုင်ခြင်း ရောင့်ရဲခြင်း ဟာလဲ ပြည့်စုံပျော်ရွှင်တဲ့ ဘဝကို ဖန်တီးနိုင်ပါတယ် ...

#frankie
#littleworld

image