15 w - Translate

Shampoo တွေက ဦးရေပြားအညစ်အကြေးကို ထိထိရောက်ရောက် ရှင်းလင်းပေးနိုင်တဲ့
လက်နက်ကောင်းတစ်မျိုးဖြစ်ပါတယ် ။

Shampoo တွေမှာ အထူးသဖြင့်ဦးရေပြားသန့်စင်စေနိုင်ခြင်း၊ ဆံပင်ထူစေနိုင်ခြင်း၊ ခေါင်းမှာထွက်တဲ့အဆီကိုထိန်းပေးခြင်း၊ ဆံပင်ကျွတ်ခြင်းမှကာကွယ်ခြင်း၊ ဆံပင်အရောင်ကိုထိန်းပေးခြင်း စတာတွေပါဝင်ပါတယ် ။

သို့သော်လည်း တန်ဆေးလွန်ဘေး
ဖြစ်သည့်အတွက် နေ့စဥ်ခေါင်းလျှော်ခြင်းမျိုးတွေ မပြုလုပ်သင့်ပါဘူး သင့်ဆံကေသာအတွက် အန္တရာယ်ဖြစ်နိုင်ချေရှိပြီး ဦးရေပြားယောင်ယမ်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

အခုလိုအပူပြင်းတဲ့ ရာသီမှာတော့ အပြင်သွားလာနေရတဲ့ လူအချို့အတွက်တော့ သဲကပ် အဆီကပ်
ဖြစ်နေတဲ့ကာလလို့ပင် ဆိုလို့ရပါတယ် ။

ယခုလိုကာလအတွက် ဆံပင်တွေကို အကောင်းဆုံးထိန်းသိမ်းဖို့ သင့်တော်ကောင်းမွန်တဲ့ Shampoo အမျိုးအစားကို ထိရောက်အောင်သုံးဖို့လိုပါတယ်။

သို့မှသာ အချိန်တိုတွင်းနဲ့ ထိရောက်အောင်ကာကွယ်နိုင်ပြီး သင့်ဆံကေသာကိိုမူလအတိုင်း စောင့်ရှောက်ပေးနိုင်မှာဖြစ်ပါတယ် ။

သင့်အတွက် ဒုတိယမျက်နှာ ဖြစ်တဲ့ဆံကေသာကို အချိန်မလွန်ခင်
အကောင်းဆုံး ကာကွယ်နိုင်ဖို့
သင့်တော်တဲ့ product နဲ့ လက်တွဲဖို့သတိပေးစကားပါးလိုက်ရပါတယ် ။

#selena
#littleworld

image