16 w - Translate

ခြေထောက်ကနေ အနံ့အသက်ဆိုးတွေ ထွက်နေမယ်ဆိုရင်တော့ ချစ်သူလေးတွေ စိတ်ညစ်သွားပြီး လူကြီးမင်းတို့ရဲ့ အနားမှာကြာကြာ‌ေနသွားမှာမဟုတ်ပါဘူး။ ခြေထောက် အနံ့ဆိုးတွေ ကို ဖျောက် ဖျက်ပစ်ချင်တယ်ဆိုရင်လည်း အလွယ်လေးပါပဲ။

အခုဖော်ပြမယ့် အချက်များထဲက လိုက်နာသင့်တဲ့ အချက်များကို လိုက်နာရမှာဖြစ်ပြီး ရှောင်ကြဥ်သင့်တဲ့အချက်များကိုလည်း ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။

လိုက်နာရမယ့် အချက်များ

(၁) တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ်ခန့် ခြေထောက်ဆေးပါ။

(၂) ခြေသည်းများကို ခပ်တိုတိုသာ ထားပါ။ ရှည်နေပါက ညှပ်ပစ်ပါ။ ခြေသည်းများကို သန့်သန့်ရှင်းရှင်းထားပါ။

(၃) ခြေထောက်လိမ်း ပေါင်ဒါများ အသုံးပြုပါ။

(၄) လေဝင်လေထွက်ကောင်းသော ခြေစွပ်များသာ ဝတ်ဆင်ပါ။

(၅) ရှူးဖိနပ်များကို နောက်တစ်ကြိမ် ထပ်မံ မဝတ်ဆင်ခံမှာ အရင်ဦးဆုံး အခြောက်ခံပါ။

ရှောင်ကြဥ်ရမယ့် အချက်များ
ခြေထောက် ဖျောက်

(၁) ရှူးဖိနပ် တစ်မျိုးတည်း (သို့) ခြေအိတ် တစ်စုံတည်းကို နှစ်ရက်ဆက်တိုက် မဝတ်ပါနဲ့။

(၂) ကြပ်ထုပ်လွန်းသော ဖိနပ်များ ဝတ်ဆင်ခြင်းမှ ရှောင်ကြဥ်ပါ။

(၃) စိုစွတ်သော Public ကြမ်းပြင်များပေါ်တွင် ဖိနပ်မပါဘဲ ခြေဗလာဖြင့် လမ်းလျှောက်ခြင်းမှ ရှောင်ကြဥ်ပါ။

ဘာ့ကြောင့် အခုလိုမျိုး ခြေထောက်ကနေ အနံ့အသက်ဆိုးတွေ တားဆီးမရအောင် ထွက်နေရသလဲ
ခြေထောက် ဖျောက်

ကွီးတို့ ခန္ဓာကိုယ်၊ အထူးသဖြင့် ခြေထောက်က ချွေးထွက်တဲ့နှုန်းသည် အခြေအနေအမျိုးမျိုးပေါ် လိုက်ပြီး ပမာဏ အနည်း အများ ပြောင်းလဲသွားတတ်ပါတယ်။

ရာသီဥတု ပူအိုက်တဲ့အခါ
လေ့ကျင့်ခန်းများများ ပြုလုပ်ရတဲ့အခါ
တစ်နေကုန် မတ်တပ်ရပ်ရတဲ့အခါ
ခန္ဓာကိုယ်က ပုံမှန်အလေးချိန်ထက် ဝိတ်တက်လာတာ
ဟော်မုန်း အပြောင်းအလဲဖြစ်တဲ့အခါ
သောက်သုံးနေရတဲ့ ဆေးဝါးများ အစရှိတဲ့ အချက်များပေါ် မူတည်ပြီး ချွေးထွက်နှုန်းက ပြောင်းလဲသွားတတ်ပါတယ်။
ခြေထောက်က ချွေးအများကြီး ထွက်တဲ့အခါ ချွေးနဲ့အတူ ဘက်တီးရီးယားများ စုပုံလာပြီး မှိုရောဂါ စွဲကပ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ခြေထောက်ကနေ အနံ့အသက်ဆိုးတွေက တထောင်းထောင်း ထွက်နေရခြင်းဖြစ်ပါတယ်။

ကွီးတို့ရဲ့ ခြေထောက် က အနံ့ဆိုးတွေကို သဘာဝအတိုင်း ဖျောက် ဖျက်ချင်ပါသလား
ခြေထောက် ဖျောက်

ပထမတစ်နည်းကတော့ အယ်လ်ကိုဟော အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ဂွမ်းစပေါ်သို့ အယ်လ်ကိုဟော အနည်းငယ် လောင်းထည့်ပါ။ ထို့နောက် ခြေချောင်းများကြားထဲကို ထိုအယ်လ်ကိုဟော လောင်းထားသော ဂွမ်းစဖြင့် လိုက်လံ ပွတ်တိုက်ပေးလိုက်ပါ။

ဒုတိယတစ်နည်းကတော့ ဆားရေ (သို့) မုန့်ဖုတ်ဆိုဒါရေ အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ရေထဲသို့ ဆားအနည်းငယ် (သို့) မုန့်ဖုတ်ဆိုဒါ အနည်းငယ် ထည့်ပါ။ ထို့နောက် ခြေထောက်ကို ထိုရေထဲတွင် မိနစ်အနည်းငယ်ကြာအောင် စိမ်ထားလိုက်ပါ။

ဆား (သို့) မုန့်ဖုတ်ဆိုဒါတို့ကို အသုံးမပြုချင်ဘူးဆိုရင်တော့ ရှာလကာရည်ကိုလည်း အစားထိုး အသုံးပြုနိုင်ပါတယ်။

အထက်ဖော်ပြပါ နည်းလမ်းများထဲက တစ်ခုခုကို ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ခြေထောက်က အနံ့အသက်ဆိုးတွေက အချိန်တိုအတွင်းမှာ ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။

#ခြေနံ့ #အနံ့ဆိုး #like #likewashing #likemyanmar #mpt #atom #sim #dance #b2b
#စကားပြန်

image