18 w - Translate

[ စစ်ဘေးရှောင်ရွှေ့ပြောင်းစီမံခန့်ခွဲရေး ]

×××××××××

မြန်မာနိုင်ငံအနှံ့အပြားကတိုက်ပွဲတွေကြောင့်စစ်ရှောင်တွေဟာစစ်ဒဏ်ကင်းဝေးရာမြို့ကြီးတွေဆီ internally displaced ဖြစ်လာပါတယ်။

အကြမ်းဖျင်းအနေနဲ့
▫ ရှမ်းမြောက်မှ - လားရှိုး၊ မန္တလေး၊ ပြင်ဦးလွင်။
▫ ရှမ်းတောင်နှင့်ကယားမှ - တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်။
▫ တနင်္သါရီတိုင်း - ထားဝယ်၊ မြိတ်၊ ကော့သောင်း။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ IDPs ၆၂ သန်းကျော်ရှိပါတယ်။ IASC (Inter-Agency Standing Committee) အဖွဲ့ရဲ့သုတေသနအရရွှေ့ပြောင်းပြဿနာပြေလည်ဖို့ ရေရှည်ဖြေရှင်းရာမှာ နေရပ်ပြန်နိုင်ရေး (return)၊ ဒေသသစ်နဲ့ပေါင်းစည်းရေး (local integration) နဲ့ အခြေချပေးခြင်း (resettlement) ဆိုတဲ့အချက် ၃ ချက်ဖြစ်ပေါ်ဖို့လိုပါတယ်။

လူတွေဟာမိမိအခြေချနေထိုင်ခဲ့ကြတဲ့အိမ်ကိုစွန့်ခွာလာခဲ့ရတဲ့အတွက်လိုအပ်ချက်အများကြီးရှိပါတယ်။ ဒုက္ခသည်တွေရဲ့ထုံးစံအတိုင်းအခြေချနေထိုင်စရာအိမ်၊ အစားအသောက်၊ သန့်ရှင်းတဲ့ရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပညာရေးထောက်ပံ့မှုတွေလိုအပ်ကြပါတယ်။ ဒါတွေကိုသက်ဆိုင်ရာအစိုးရတွေကဖြေရှင်းပေးဖို့လိုအပ်ပါတယ်။ သာမန်လောက်ကပြဿနာမဟုတ်ပေမဲ့ စစ်ဖြစ်တဲ့မြို့တွေများလာတာနဲ့အမျှ IDPs large scale ဖြစ်လာပါတယ်။ IDPs အတွက်ရော local people ဆီသက်ရောက်မဲ့ဂယက်ပါစဥ်းစားဖို့လိုပါတယ်။

အခုတောင် IDPs က ပညာရေးကဏ္ဍကိုရိုက်ခတ်လာတာသိသာလာပါပြီ။ ရွှေ့ပြောင်းကလေးငယ်တွေကျောင်းတက်ဖို့အတွက်မြို့ကျောင်းတွေမှာစုပြုံပြီး ကျောင်းလာအပ်ကြလို့ ၃၊၄ ရက် စောင့်ပြီးကျောင်းအပ်လာမှရကြောင်း ထားဝယ်မြို့မှာသတင်းပေါ်လာတယ်။ အခြားမြို့ကျောင်းတွေမှာလဲအလားတူကိစ္စဖြစ်နေမှာပါပဲ။ ပညာရေးအပြင်အခြား စီးပွားရေး၊ ကျန်းမာရေး၊ အထွေထွေကဏ္ဍတွေမှာသက်ရောက်မှုတွေကို microlevel management လုပ်ဖို့လိုပါတယ်။

Government ဘက်က
▫ displacement-specific policy ဆွဲရပါမယ်။
▫ strategy or implementation framework ရှိရပါမယ်။ Strategy could be nationally focused or limited to certain displacement-affected areas ။ နိုင်ငံလုံးအဆင့်(သို့) Displaced ဧရိယာကိုပဲကွက်ပြီးကိုင်တွယ်တာမျိုးလုပ်ဖို့လိုပါတယ်။

IDPs အနေနဲ့ပြောရရင်မြန်မာမှာ ၂၀၀၈ နာဂစ်မုန်တိုင်းဥပမာရှိပြီးသားဖြစ်ပါတယ်။ ဧရာဝတီတိုင်းဘက်ကမုန်တိုင်းဒဏ်ခံလိုက်ရတဲ့ပြည်သူတွေ လှိုင်သာယာဘက်စုပြုံအခြေချလာတဲ့သင်ခန်းစာရှိပါတယ်။ ယခင်ကတည်းကကန့်သတ်စစ်ပွဲလေးတွေရှိခဲ့တဲ့အတွက် စစ်ဘေးရှောင် IDPs ကို မြို့နယ်အဆင့်ထွေအုပ်၊ ပရဟိတနဲ့ IDPs ကိုင်တွယ်ခဲ့ကြပါတယ်။

IASC အဆိုပြုတဲ့ IDPs အတွက်ရေရှည်ဖြေရှင်းရမယ့်အချက် ၈ ချက်ရှိပါတယ်။
❖ safety and security
ဘေးကင်းလုံခြုံမှု။
❖ adequate standard of living
လုံလောက်သောလူနေမှုအဆင့်အတန်း(အိမ်ရာ၊ အစားအစာ၊ ရေ၊ ပညာရေး၊ ကျန်းမာရေးလုံလောက်မှု)။
❖ access to livelihoods
အလုပ်အကိုင်နှင့်မိသားစုအခွင့်အလမ်း။
❖ restoration of housing, land and property
ပျက်စီးအိမ်ရာပြန်လည်ပြင်ဆင်ခြင်း၊ မြေယာနှင့်ပိုင်ဆိုင်မှုအစားပြန်လည်ရရှိခြင်း။
❖ access to documentation
ကိုယ်ရေးအထောက်အထား၊ အခြားအထောက်အထားများရနိုင်ခွင့်။
❖ family reunification
ရွှေ့ပြောင်းစဥ်အတွင်းကွဲကွာမိသားစုပြန်လည်ပေါင်းစည်းရေး။
❖ participation in public affairs
ဒေသခံများနှင့်မခြားကိစ္စရပ်များတွင်ပါဝင်ခွင့်ရရှိခြင်း။
❖ access to effective remedies and justice.
တရားမျှတမှုရရှိရေးနှင့်လျော်ကြေးအပါအဝင် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအခွင့်အရေးချိုးဖောက်မှုများအတွက်ထိရောက်သောကုထုံးများ။

ကျွန်တော်တို့မဟာသုတေသနစာတမ်းပြုစုတုန်းကအချိန်နည်းတော့တစ်ယောက်တည်းမလုပ်နိုင်တဲ့ physical geography အပိုင်းကိုကျောင်းသားတွေစုပြီးလုပ်ဖို့ရည်ရွယ်ခဲ့ကြတယ်။ သုတေသနဆိုတာ problem solving ပါပဲ။ အခုစစ်ဘေးရှောင်ပြဿနာကိုဖြေရှင်းဖို့ ရန်ကုန်၊ မိတ္ထီလာ၊ မုံရွာ စီးပွားရေးတက္ကသိုလ် ၃ ခုက MPA သင်တန်းသားတွေ syndicate လေးတွေစုပြီး သုတေသနလုပ်ဖို့သင့်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရောက်လာတဲ့စစ်ရှောင်တွေဆီကွင်းဆင်းသင့်ပါတယ်။

လူကယ်ပြန်၊ နယ်စပ်ရေးရာ၊ ပြည်ထဲရေးထွေအုပ်နဲ့ ပညာရေးဝန်ကြီးဌာနပေါင်းစပ်ပူးပေါင်းသင့်ပါတယ်။

ပုံထဲမှာ IOM ရဲ့စံပြုထောက်တိုင် ၄ ရပ်ကိုဖော်ပြထားပါတယ်။

၃.၆.၂၀၂၄
Geopolitics Admin

image