18 w - Translate

ဈေးတွေ မငြိမ်ဘူး ၊ ဘာတွေကိုင်ထားမလဲ ?

- နာမည်

ကိုယ်လုပ်နေတဲ့အလုပ်မှာ ကိုယ့်နာမည်ပျက်မရှိအောင် ကာကွယ်ထားလိုက်။ နာမည်ကောင်းက အတည်ငြိမ်ဆုံးငွေကြေးပဲ။ ကိုယ့်လုပ်ငန်း အမျိုးအစားလိုက် စေတနာထားသင့်ရင်ထား ၊ Quality ထိန်းသင့်ရင်ထိန်း ၊ အချိန်ပိုပေးသင့် ပေးလိုက်ကြ။

- Skills

ပညာရွှေအိုး လူမခိုးတဲ့။ ကိုယ်တတ်ကျွမ်းထားတဲ့ အသိပညာတွေ ၊ တခြားလူ လာခိုးလို့မရဘူး။ အလွန်ဆုံး ကိုယ့်ဆီက ပွားယူသွားဖို့ပဲ ရှိတယ်။ အဲ့လိုဆိုလည်း ကုသိုလ်ရပါတယ်။ သင်စရာရှိတာ သင် ၊ လေ့ကျင့်စရာရှိတာ လေ့ကျင့်။ အရင်းအနှီးမရှိဘူးဆိုရင် အရင်းအနှီးက လူကိုယ်တိုင်ပဲလို့သာမှတ် ။ ကိုယ့်ရဲ့ ဦးနှောက် ၊ ခြေလက်တွေ ရှိနေတာကို အသုံးချဖို့လိုတယ်။

- မိတ်ဆွေကောင်းတွေ

ဒီအချိန်မှာ စည်းစည်းလုံးလုံးသွားတာ အန္တရာယ်အကင်းဆုံးပဲ ၊ မကျော်နဲ့ မခွနဲ့ ၊ ယုံကြည်မှုတည်ဆောက်ပြီး ကိုယ့်ရဲ့ Inner circle ကို တည်ဆောက်။

- အချိန်တွေ

အချိန်က မသုံးချင်လို့ ဒီတိုင်းနေလည်း ကုန်ဆုံးပါတယ်။ အချိန်ကို တန်ဖိုးကပ်ချင်ရင် တစ်ခုခု အဓိပ္ပါယ်ရှိတာ လုပ်နေမှ ရမယ်။ အားလပ်ချိန်ကို ဘယ်လိုအသုံးချလဲပေါ်မူတည်ပြီး လူတွေရဲ့ ဘဝတွေကွာသွားတယ်။

- Branding

Business Brand ပဲ ဖြစ်ဖြစ် Personal Branding ပဲ ဖြစ်ဖြစ် တည်ဆောက်လို့ သင့်တဲ့အချိန်။ Branding ‌ကောင်းတဲ့ လုပ်ငန်းတွေ ၊ လူတွေဟာ ခက်ခဲကြမ်းတမ်းတဲ့အချိန်မှာတောင် တည်ငြိမ်ကြတယ်။

- ကျန်းမာရေး

သင်တင့်လျောက်ပတ်တာကို စားပြီး ရာသီဥတုနဲ့ အလိုက်အထိုက်နေတတ်တာ ၊ မအားလပ်နေရင်တောင် ကိုယ်လက်လှုပ်ရှားဖို့ အခွင့်အရေးရှာတာ ၊ စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်တာ ၊ ဒီလောက် လုပ်ရင်ကို လုံလောက်ပြီ။ ကျန်းမာရေးက ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး Asset ဖြစ်သလို ၊ အကြီးမားဆုံး Liability လည်း ဖြစ်သွားနိုင်တဲ့အရာ။

အရေးမကြီးတဲ့ ၈၀ % ကို သိနေတာထက် ၊ အရေးကြီးတဲ့ ၂၀ % ကို ကောင်းကောင်းကိုင်တွယ်နိုင်ရင်ကိုပဲ ဘဝက ဟန်ချက်ညီနေပါလိမ့်မယ်။
🙏🙏🙏