18 w - Translate

ပါဝင်ပစ္စည်း ၄ မျိုးထဲနဲ့ အရသာရှိတဲ့
#ကြက်တောင်ပံကြော်နည်း? မေးထားတဲ့သူတွေအတွက်

ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်း ၄ မျိုးထဲနဲ့ အရသာရှိတဲ့ ကြက်တောင်ပံကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ ကြက်တောင်ပံ၊ ငါးငံပြာရည်၊ ငရုပ်ကောင်းမှုန့်အဖြူ၊ ဆန်မှုန့် စတာတွေပဲ ဖြစ်ပါတယ်။

ကြက်တောင်ပံ ၁၂ ခု (သို့) ၁၃ ခုလောက်ကို ပန်းကန်ထဲထည့်ပြီး ငါးငံပြာရည် – စားပွဲတင်ဇွန်းတစ်ဇွန်းခွဲထည့်ကာ သမအောင်နယ်လိုက်ပါ။

ငရုပ်ကောင်းမှုန့်အဖြူ – အနည်းငယ်ဖြူးပေးပါ။ ဆန်မှုန့် – ခွက်ရဲ့ သုံးပုံ ပုံ တစ်ပုံစာကို ထည့်ပြီး နယ်ပေးပါ။

ဒယ်အိုးထဲကို ဆီထည့်ပြီး ကြော်ပါ။ ဆီများများထည့်ကြော်ရင် ပိုကောင်းပါတယ်။

ကြော်လို့ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး အချဉ်နဲ့တို့စားလို့ရပါပြီ။ငရုပ်ဆော့နဲ့လဲတွဲဖက်စားသုံးနိင်ပါတယ်...

image