18 w - Translate

ဘလွန်းဒီအော်ဆု ရဖို့အတွက် ဗီနီးစီးယပ်စ် ရေပန်းအစားဆုံးဖြစ်လာ
----------------
ချန်ပီယံလိဂ်ဆုဖလားကြီးကို ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆွတ်ခူးရရှိပြီးတဲ့နောက် လူငယ်တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဗီနီးစီးယပ်စ် ဂျုနီယာ ဟာ ဘလွန်းဒီအော်ဆု ရရှိဖို့အတွက် ရေပန်းအစားဆုံးဖြစ်လာခဲ့တယ်လို့ သိရှိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒေါ့မွန်ကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးတဲ့နောက် ချန်ပီယံလိဂ်ဆုဖလားကြီးကို ၁၅ ကြိမ်မြောက် ဆွတ်ခူးရရှိသွားခဲ့ပြီး ဒီဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ဗီနီးစီးယပ်စ် က သွင်းယူပေးခဲ့ပါတယ်။

၂၀၂၃-၂၄ ဘောလုံးရာသီ စွမ်းဆောင်ရည်အတွက် ဘလွန်းဒီအော်ဆု ကို France Football မဂ္ဂဇင်းက လာမယ့်ဆောင်းဦးပေါက်ရာသီကိုရောက်ရင် ပေးအပ်ချီးမြှင့်တော့မှာဖြစ်ပြီး ဘောလုံးရေးရာကျွမ်းကျင်သူတွေကလည်း ဒီနှစ်ရဲ့ ဘလွန်းဒီအော်ဆုကို ရရှိသင့်သူက ဗီနီးစီးယပ်စ်ပဲဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ အာဆင်နယ်နဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်းဖြစ်ခဲ့ဖူးသူ အွန်နရီကလည်း ဗီနီးစီးယပ်စ်ဟာ ကမ္ဘာမှာ အကောင်းဆုံးကစားသမားလို့ သတ်မှတ်ရမယ့်သူဖြစ်ပြီး ဘလွန်းဒီအော်ဆု ရရှိဖို့ ထိုက်တန်ကြောင်း ထောက်ခံသွားခဲ့ပါတယ်။ ဗီနီးစီးယပ်စ်က သူဟာ ရီးရဲလ်မက်ဒရစ်အတွက် တိုနီခရူးစ်နဲ့ မိုဒရစ်တို့လို ကစားပေးခွင့် ရချင်ပြီး အမှတ်တရများစွာကို ချန်ထားခွင့်ရခဲ့ချင်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

image