18 w - Translate

ခိုးကြောင်ခိုးဝှက် ရှယ်ယာရောင်းချခြင်း(Insider Trading) ကြောင့် Elon Musk ကို Teslaရှယ်ယာရှင် တစ်ဦးတရားစွဲ

Insider Trading ဆိုတာ ကုမ္ပဏီရဲ့ ရှယ်ယာဈေးကွက်ကို အတက် သို့ အကျဖြစ်စေမယ့် အရေးကြီးသတင်းကို လူတိုင်းသိအောင် မကြေငြာခင် ခေါင်းကြီးပိုင်းကလူတစ်ချို့က ခိုးကြောင်ခိုးဝှက် ရှယ်ယာရောင်းချ၊ ဝယ်ယူတာကို ဆိုလိုတာဖြစ်ပါတယ်။

အဆိုပါ Insider Trading ကြောင့် Elon Musk တစ်ယောက် Tesla ရှယ်ယာရှင်တစ်ဦးက တရားစွဲထားပါတယ်။ Tesla နဲ့ပတ်သက်လို့ ရှယ်ယာဈေးတွေ မကျသွားခင် 7.5 Billion လောက်တန်ဖိုးရှိတဲ့ ရှယ်ယာတွေကို Elon Musk တစ်ယောက် ကြိုပြီးရောင်းခဲ့တယ်လို့ သံသယနဲ့ တရားစွဲခံရတာပါ။ အဆိုရောင်းချခြင်းကြောင့် Elon အနေနဲ့ 3 Billion လောက်အမြတ်ရသွားတယ်လို့ ဆိုပါတယ်။

Tesla ရဲ့ Cyber Truck ပြဿနာတွေ၊ တစ်ခြားထုတ်လုပ်ရေးပြဿနာတွေကြောင့် ဈေးမကျခင် နိုဝင်ဘာနဲ့ ဒီဇင်ဘာ ၂၀၂၂ မှာ Elon က ရှယ်ယာတွေထုတ်ရောင်းခဲ့ပြီး ၂၀၂၃ ဇန်နဝါရီမှာတော့ ရှယ်ယာတွေ ဈေးကျသွားတယ်လို့ ဆိုပါတယ်။ အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး ဘုတ်အဖွဲ့ဝင်တွေကိုလည်း တရားစွဲတဲ့ ရှေ့နေတွေက ရာထူးတွေကို အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲထားပါသေးတယ်။

တရားစွဲဆိုသူဖက်ကတော့ Elon ရသွားတဲ့ အကျိုးအမြတ်တွေကို ဆိုင်ရာလူတွေဆီ ပြန်ပေးသွားရင် ကျေနပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

image