18 w - Translate

- It's Me -

ကိုယ်က နည်းနည်းတော့ အတ္တကြီးတယ်
အကုန်လုံးကိုမှ မရနိုင်ရင်
အားလုံးကို လက်လွှတ်ပစ်လိုက်ရော...

လိမ္မော်ရည်သောက်ချင်နေတာကို
လိမ္မော်သီးကျွေးတာမျိုး ကိုယ်မကြိုက်ဘူး

ကိုယ့်စိတ်ကို နှစ်ထားသလိုမျိုး
ကိုယ်စကားပြောရင်
ကိုယ့်မျက်လုံးကို တည့်တည့်ကြည့်နေမှ
အဆင်ပြေတယ်

အတင်းအကျပ် မတောင်းတတ်ဘူး
အလွယ်တကူပေးတိုင်းလည်း ကိုယ်မယူဘူး

ကိုယ့်တစ်ယောက်တည်းအတွက်
ရည်ရွယ်ထားတာမှမဟုတ်ဘူးဆိုရင်
ဘာကိုမှ မလိုချင်ဘူး ။

#နွေသစ်ငြိမ်း

💭 || 1.6.2024

image