18 w - Translate

လူတစ်ယောက်ကို ချစ်ရင်ပေါ့
ပျော်စေချင်တယ်ဆိုတဲ့စိတ်က တကယ်ဖြစ်လာတာ

မလိမ်ဘူး။ ကိုယ်ငိုရတဲ့နေ့ရက်တွေမှာတောင်
သူ့အပြုံးတွေငေးရင်း ဒဏ်ရာတွေ ပြန်ဖြေဆည်နိုင်ခဲ့တဲ့အချိန်ရှိတယ်။ မျက်နှာနဲနဲညိုးတာနဲ့

” မင်းအဆင်ပြေလား...အဆင်ပြေလား ”ဆိုတဲ့
အမေးကိုပဲ ထပ်ခါတစ်လဲလဲပြန်မေးရင်း
ကိုယ့်စိတ်နဲ့ကိုယ် အေးအေးလူလူနေနိုင်ဖို့
လှမ်းကြိုးစားရတာမျိုး။

ပခုံးပေါ်မှာ တတ်နိုင်သမျှ ဝန်ထုပ်ဝန်ပိုးတွေ
နည်းနေစေချင်တာမျိုး။
မင်းကိုတော့ တကယ် သက်သောင့်သက်သာလေးပဲ
ရှင်သန်နေစေချင်တယ်ဆိုတဲ့ စိတ်စေတနာမျိုး။

မတတ်သာလို့ ပင်ပန်းရတဲ့အခါလည်း
အနားမှာရှိနေပေးမယ်။ မလွဲသာလို့ ငိုရတဲ့အခါလည်း မငြီးမငြူနှစ်သိမ့်ပေးပါ့မယ်။

အမျာကြီး သန်မာလို့မဟုတ်ပါဘူး။
မင်းကို သက်တောင့်သက်သာရှိစေချင်တဲ့စိတ်က
ပိုသာနေလို့ပါ။

ကိုယ်လဲ လူပဲ၊ ပင်ပန်းတတ်တာပေါ့။
မင်းကိုတော့ တော်တော်လေးချစ်မိနေလို့ပါ။

🌻🤍
- နေမီကျော်

image