18 w - Translate

ဝင်ငွေရဲ့ ၂၀% လောက်က တတ်ထားတဲ့ ပညာကြောင့်ဝင်တာ။၈၀ % က လူမှု ပေါင်းသင်း ဆက်ဆံရေးကြောင့်
ရတာပါတဲ့ ။

emotional recognition ability ( မြန်မာလို အရိပ် ၃ ပါးနားလည် တာပေါ့) အဲဒါမြင့်ရင် လစာ သို့မဟုတ် ဝင်ငွေမြင့်တယ်တဲ့ ။ 2014 လောက်က လုပ်ထားတဲ့ သုတေသနတစ်ခုမှာတွေ့ရှိချက်ပေါ့ ။ Time Magazine မှာ ပါတာပါ ။

(တခြား အချက်တွေ ဖြစ်တဲ့ အသက် ၊ အလုပ်ချိန် ၊ လုပ်ငန်း အတွေ့အကြုံ စတာတွေကို ဘုံထားပြီး တွက်တာပါ )

ဆိုလိုတာက ပညာတတ်တိုင်း ငွေဝင်တာ မဟုတ်နိုင် ဘူးပေါ့။ ငွေတင် မဟုတ်ဘူး အောင်မြင်တဲ့ ဘဝရဖို့ကလဲ လူကဲခတ် တတ်ပြီး လူဝင်ဆံ့မှ EQ မြင့်မှ ဖြစ်မှာ ။

မိဘတွေ အနေနဲ့ သားသမီးတွေကို သင်ကြားတဲ့ အခါ စာတော်ဖို့ တင်မဟုတ်ပဲ EQ မြင့်အောင် လူတော တိုးအောင်လည်းသင်ကြား ပေးသင့်ပါတယ် ။

ပေါင်းသင်းဆက်ဆံရေး ပြေပြစ်အောင် ၊ ညှိနှိုင်း ဆောင်ရွက် တတ်တဲ့ အလေ့အကျင့် ရအောင်လည်း
သင်ကြား ပေးသင့်ပါတယ် ။

image