18 w - Translate

မြန်မာပြည်က အမှောင်လောကသားတွေကတော့ AI ကို အသုံးချပြီး စီးပွားရှာနေကြပြီဗျာ

သတိထားမိကြလားတော့ မသိဘူး။ အခုနောက်ပိုင်းမှာ AI နဲ့ လုပ်ထားတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို သုံးပြီး စီးပွားရှာကြတဲ့ လူတွေများလာပြီ။ အဲ့ဒီလိုမျိူး AI အသုံးချပြီး စီးပွားရှာကြတာကို အမှောင်လောကသားတွေရဲ့ ၁၈+ Contents တွေမှာ တွေ့ရများတယ်။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် YouTube ပေါ်မှာ မိန်းကလေး AI Avatar နဲ့ AI မြန်မာအသံ သုံးပြီးလုပ်ထားတဲ့ ၁၈+ Knowledge Sharing ဗီဒီယိုတွေများလာတယ်။ နောက်ပြီးတော့ Slot ဂိမ်းကြော်ငြာတွေမှာ အရင်တုန်းက Celebrities တွေရဲ့ ပုံတွေကို ယူသုံးကြပေမဲ့ အခုနောက်ပိုင်းမှာတော့ AI မော်ဒယ်ပုံတွေကို အသုံးများလာကြတယ်။

ဒါကြောင့် မြန်မာပြည်က အမှောင်လောကသားတွေဟာ နောက်ဆုံးပေါ် နည်းပညာကို အသုံးချပြီး စီးပွားရှာတဲ့နေရာမှာ အလင်းလောကသားတွေထက် ပိုသွက်တယ်လို့ ပြောရမယ်။

အဓိကပြောချင်တာကတော့ အခုက AI ခေတ်ဖြစ်နေပါပြီ။ အဲ့ဒီတော့ အလင်းလောကသားတွေလည်း AI ကို အသုံးချပြီး စီးပွားရှာကြပါ။ AI ဟာ အသုံးချတတ်ရင် ချတတ်သလို ကိုယ့်အတွက် အကျိူးရှိစေပါတယ်။

image