18 w - Translate

ချန်ပီယံလိဂ်ဖလားဆွတ်ခူးပြီး နောက်တစ်ရက်မှာတင် အမ်ဘတ်ပေ ကို ရီးရဲလ် စာချုပ်ချုပ်လိုက်ပြီ
-----------------
ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘတ်ပေကို တရားဝင်လက်မှတ်ရေးထိုး စာချုပ်,ချုပ်လိုက်ပြီလို့ နာမည်ကျော်သတင်းထောက် ရိုမာနိုရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။ အမ်ဘတ်ပေ ဟာ ရီးရဲလ်မက်ဒရစ်ဆီကို ပြောင်းရွှေ့တော့မယ်ဆိုတာ ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ်အားလုံး သိရှိနေပြီးသားပါ။ အခုတော့ တရားဝင်အတည်ပြုချက် ထွက်လာခဲ့ပြီဖြစ်လို့ ရီးရဲလ်မက်ဒရစ်ဆီကို အမ်ဘတ်ပေက ၂၀၂၃-၂၄ ဘောလုံးရာသီကြီး ပြီးဆုံးပြီးတဲ့နောက် နောက်တစ်ရက်မှာတင် ရောက်လာခဲ့ပြီလို့ ဆိုရပါလိမ့်မယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ဆုဖလားကြီးကို ၁၅ ကြိမ်မြောက် ဆွတ်ခူးရရှိပြီးတဲ့နောက် နောက်တစ်ရက်မှာတင် အမ်ဘတ်ပေကို စာချုပ်ချုပ်ဆိုပြီး မင်္ဂလာအပေါ် မင်္ဂလာထပ်ဆင့်ကာ အချိုရည်ကို သကာထပ်လောင်းလိုက်ပြီပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဆီကို အမ်ဘတ်ပေ ရောက်ပြီ၊ အမ်ဘတ်ပေကို ရီးရဲလ်မက်ဒရစ် စာချုပ်ချုပ်ဆိုလိုက်ပြီဆိုတဲ့သတင်းကို နာမည်ကြီးအေးဂျင့် ဖာဘရီဇီယို ရိုမာနိုက သူ့ရဲ့တွစ်တာလူမှုကွန်ရက်စာမျက်နှာကနေ HERE WE GO ဆိုတဲ့စာလုံးနဲ့ တွဲဖက်ပြီး BREAKING NEWS အဖြစ် အသိပေးလိုက်တာကို လက်ရှိမှာ နာမည်ကြီးသတင်းမီဒီယာများစွာက ကိုးကားရေးသားနေကြပြီလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘတ်ပေ ကို လာမယ့်သီတင်းပတ်ထဲမှာ အသင်းကစားသမားအဖြစ် တရားဝင်မိတ်ဆက်ပွဲ ကျင်းပမယ်လို့ သိရှိရပြီး ယူရိုပြိုင်ပွဲမတိုင်ခင် အမ်ဘတ်ပေကို စာချုပ်,ချုပ်လိုက်တဲ့အတွက် အမ်ဘတ်ပေ ဟာ ယူရိုပြိုင်ပွဲကို ရီးရဲလ်မက်ဒရစ်အသင်းကိုယ်စားပြုကစားသမားအဖြစ် ကစားခွင့်ရသွားခဲ့ပြီဖြစ်ပါတယ်။

image