18 w - Translate

ငါးရံ့အူဟင်း
-----------------
ငါးရံအူက မချက်တတ်လျှင် ညှီပြီး စားမကောင်းဖြစ်တတ်ပါတယ်။ ဒါကြောင့် ငါးရံ့အူကို ဒီနည်းအတိုင်း ချက်စားကြည့်နော်။ တကယ်စားကောင်းပါတယ်။
ညှီစော်မနံဘဲ အရသာရှိတဲ့ ငါးရံ့အူမွှေးမွှေး ချက်မယ်နော်။ တကယ်တော့ ငါးရံ့အူက အလွန်လက်ဝင်ပါတယ်။ အူတွေကို သွားကြားထိုးတံနဲ့ခွဲလို့ အဝါရောင်၊ အမည်းရောင်တွေပါလျှင် ဆက်ခွဲပြီး သေချာဆေးရပါတယ်။ နို့နှစ်ရောင်အနှစ်လေးတွေပါတဲ့
အူဆိုလျှင် ခွဲစရာမလိုပါဘူး။ အဲဒါက ဝက်အူချိုလို အူမျိုးပါ။ အလွန်ဆိမ့်ပါတယ်။

ပါဝင်ပစ္စည်းများ
• ငါးရံ့အူ - ၂၅ ကပွှသား
• ငရုတ်ပွ - ၆၊ ၅ တောင့်
• ချင်း - လက်တစ်ဆစ်
• ကြက်သွန်ဖြူဗမာဥ - ၁ လုံး
• ဆီ - ၅ ကျပ်သား
• နနွင်းမှုန့် - အနည်းငယ်
• ငံပြာရည် - သင့်ရုံ
• ဆား - အနည်းငယ်
• သကြား - အနည်းငယ်
• ပျဉ်းတော်သိမ် - ဆီသတ်ရွက် တစ်ခက်
• ရှလကာရည် - စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
အစာအိမ်ကို ကတ်ကြေးနဲ့ခွဲပြီး ရေနှင့် သေချာဆေးပါ။ ရေနွေးအိုးတည်ပြီး ဆူလာလျှင် ဆား၊
အရသာ၊ သကြားအနည်းငယ်နှင့် ရှလကာရည် ထည့်၍ ငါးရံ့အူကို ထည့်ပြုတ်ပါ။ ၅ မိနစ်ခန့်ပြုတ်ပြီးလျှင် ရေသွန်၍ ရေအေးနဲ့ တစ်ထပ်လောက် ပြန်ဆေးပြီးလျှင် ချက်လို့ရပါပြီ။ ငါးရံ့အူချက်လျှင် ကြက်သွန်နီ မသုံးပါဘူး။ ညှီစော်နံတတ်ပါတယ်။ ချင်းနှင့် ငရုတ်သီးကို ညက်အောင်ထောင်းပြီး ကြက်သွန်ဖြူကို ကွဲရုံထောင်း၍ ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် ငံပြာရည်ပေါက်ပါ။ ငါးရံ့အူထည့်ပါ။ ပျဉ်းတော်သိမ်ရွက်ထည့်ပြီး အိုးမကပ်အောင် အသာလေး အပေါ်အောက်လှန်နေရင်း အရသာထည့်ပါ။ ထပ်ထပ်လေးဖြစ်လာလျှင် ရေနွေးလောင်းပြီး အဖုံးအုပ်တည်ပါ။ ၂ ရေလောက်တော့ ချက်ပါ။ ငါးရံ့အူက ပျဉ်းတော်သိမ်ရွက် ခတ်တာနဲ့ အလွန်လိုက်ဖက်ပါတယ်။ မွှေးပြီး အညှီနံ့လည်း ပျောက်ပြီးတော့ စားလို့ လည်း ကောင်းပါတယ်။

image