18 w - Translate

Samsung ကတော့ Galaxy AI ကို သူတို့ရဲ့ စမတ်နာရီ တွေဖြစ်တဲ့ Galaxy Watch တွေအထိ ထည့်ပေးတော့မယ်

Samsung က ပြောပြထားတဲ့ Feature အသစ်မှာဆိုရင် Energy Score ဆိုတဲ့စနစ်ပါမယ်
သူက ဘယ်လို အလုပ်လုပ်မလဲဆိုရင် တခြား ရထားတဲ့ Health Data တွေဖြစ်တဲ့ Heart Rate နဲ့ Sleep Data တွေကို Analyze လုပ်ပြီး Score ပြန်ထုတ်ပေးမဲ့ပုံစံမျိုးပဲ Wellness Tips ကျတော့ ကိုယ့်သတ်မှတ်ထားတဲ့ Goals တွေကိုရောက်အောင် AI က Mentor လုပ်ပေးမဲ့စနစ်မျိုးပါ

Samsung က နောက်ထပ်အဆင့်မြှင့်တင်တဲ့နေရာက Health Tracking ပိုတိကျလာအောင် AI ကိုသုံးလာမယ်ပြောတယ်

Sleep AI Algorithm ကိုအဆင့်မြှင့်ဖို့အတွက် Tracking ပိုင်းကိုပိုအဆင့်မြှင့်လာပြီး အိပ်နေစဉ် လှုပ်ရှားတာတွေ ၊ အသက်ရှူတဋတွေ အပြင် ၊ နှလုံးခုန်နှုန်းတွေကိုပါ သုံးပြီး Analyse လုပ်ပေးမှာပါ

ဒါ့အပြင် စက်ဘီးစီးတဲ့သူတွေအတွက် Functional Threshold Power ကို ၁၀ မိနစ်အတွင်းထုတ်ပေးနိုင်မှာဖြစ်သလို Heart Zone (Aerobic / Anaerobic Threshold) တွေရဲ့ Metric တွေပါ ပြပေးလာနိုင်မယ် ဒါ့အပြင် စက်ဘီးနင်းတာ၊ ပြေးတာတွေမှာလဲ Race ဆိုတဲ့စနစ်ကိုသုံးပြီး Same Route အတွက် ကိုယ့် Performanceဘယ်လောက် တိုးတက်လာလဲ Analyze လုပ်နိုင်တာအထိ တိုးတက်လာမယ်

ပြောရရင် AI စနစ်ပေါင်းထည့်လိုက်တဲ့အခါ Galaxy Watch တွေက တခြား သီးသန့် Equipment တွေသုံးမှရလာတဲ့ စနစ်အချို့ကို စမတ်နာရီပေါ်မှာတင်ပဲ သုံးလို့ရတဲ့အထိ တိုးတက်လာမဲ့သဘောပဲ

Galaxy AI နဲ့ အဆင့်မြှင့်တင်ထားမဲ့ စနစ်တွေက လာမည့် Galaxy Watch Lineup အသစ်တွေမှာ ပါလာမယ်လို့သိရပါတယ်

image