[ ငွေကြေးတန်ဖိုးကျတာကောင်းလား…. ] ??
_____________________________________________
နိုင်ငံတစ်နိုင်ငံမှာ ငွေတန်ဖိုးအဆမတန်ကျဆင်းနေပြီဆို အဲ့ဒီနိုင်ငံက လူတန်းစားအများစု ဒုက္ခရောက်နေကြပါပြီ။
[ ဥပမာအနေနဲ့ လွန်ခဲ့တဲ့ 2022/23 ခုနှစ်၊ ၁ လပိုင်းတုန်းက ကန်ဒေါ်လာပေါက်ဈေး - 2000 ကျပ် ဝန်းကျင်ရှိတယ်ဆိုကြပါစို့ ]
[ ယခု ၁ နှစ်ကျော်ကာလအတွင်းမှာ ၁ ဒေါ်လာကို 4500 ကျပ် ဝန်းကျင်ရောက်ရှိနေပြီ။ ]
[ မိတ်ဆွေတို့အနေဖြင့် ယခင်နှစ်တွေတုန်းက အမေရိကန်ဒေါ်လာ $ 10,000 ရချင်တယ်ဆို ကျပ်ငွေ 200 သိန်း ပေးရင် ရပါတယ်။ ]
[ ယခု 2024 ခုနှစ်မှာ ဒေါ်လာ 10,000 $ ရချင်တယ်ဆို 450 သိန်း ပေးမှရပါမယ်။ ]
[လွန်ခဲ့တဲ့ ၁လပိုင်းတုန်းက မိတ်ဆွေက ကျပ်ငွေ သိန်း 200 ကို ဒေါ်လာ 10,000$ မဝယ်ပဲ စုထားခဲ့၊ သိမ်းထားခဲ့မယ်ဆို….
အဲ့ဒီသိန်း 200 ကို ထုတ်ပြီး ဒေါ်လာ $10,000 ဝယ်မယ်ဆိုရင်တော့ နောက်ထပ် 200 သိန်းအထက် ထပ်ဖြည့်မှ ရပါမယ်။
အရင်က သိန်း၂၀၀ နဲ့မရတော့ပဲ + ၂၅၀ ထပ်ဖြည့်မှ ရတော့မှာကို ဆိုလိုတာပါ။
ဒါဟာ ငွေကြေးရဲ့ ဝယ်နိုင်စွမ်းလျော့ကျသွားခြင်းဖြစ်ပါတယ်။
[ လူကြီးမင်းတို့ သိလိုက်သည် ဖြစ်စေ၊
မသိလိုက်သည် ဖြစ်စေ တနေ့တခြား ကျပ်ငွေကိုင်ဆောင်ထားသူတွေက တန်ဖိုးကျနေတာပါ။ ]
[ လက်ရှိ အမေရိကန် ဒေါ်လာ 5000 ထိမတက်လာသေးလို့၊ ရောက်လဲရောက်ခါနီးပါပြီ။ ]
[ ဒေါ်လာဈေးတက်ရင် ဘာဖြစ်လဲဆိုတော့
ကုန်ဈေးနှုန်း [ အကုန် ] ဈေးလိုက်တက်ပါတယ်။ ]
[ ကျပ်ငွေနဲ့ ပေးချေးမူလုပ်ပြီး ဝယ်ရတဲ့ ပစ္စည်းမှန်သမျှ အကုန် ဈေးတက်ပါတယ်။ ]
[ ငါကတော့ အိမ်မှာ ပိုက်ဆံ သိမ်းထားတာပါကွာ။ ]
[ ဘာဖြစ်လဲပေါ့ ဘဏ်မှာ ထားထားတာ အရေတွက် မလျှော့သွားဘူးကွာဆိုတဲ့ သူတွေအတွက် မှန်ပေမဲ့လည်း တန်ဖိုးက သိသိ သာသာ ကျနေတယ်ဆိုတာအတွေးရပါ။….]
[ ဒါတွေကိုသိသူအများစု ငွေကြေးကို ဘယ်လိုခေါင်းပြောင်းထားကြလဲ🤔 ]….
[ အများစုကတော့ [ ရွှေ ၊ မြေ ၊ ကား ] ခိုင်မာမှုရှိတဲ့ assets တွေကို ခေါင်းပြောင်းလေ့ရှိပါတယ်။ ]
[ တစ်ချို့ကြတော့ နိုင်ငံတကာငွေကြေးစျေးကွက် ၊ ရေနံစျေးကွက် ၊ စတော့ခ်စျေးကွက် တွေမှာ အရောင်းအဝယ်လုပ်ပြီးအကျိုးအမြတ်ရှာဖွေကြပါတယ်။ ]