18 w - Translate

ဂျိုးဘိုင်ဒန်ရဲ့ ဥပဒေကို အယူခံဝင်ပြီး ပြန်ဖိုက်နေတဲ့ TikTok

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ TikTok ကို အမေရိကန် ပိုင်ရှင်တစ်ဦးဆီကို ရောင်းမှ အမေရိကားမှာ ဆက်ပြီး သုံးခွင့်ပေးမယ်ဆိုတဲ့ ဥပဒေကို TikTok ကိုလူထုမေတ္တာခံယူရင်း အယူခံဝင်နေပါတယ်။ လူထုမေတ္တာခံယူတယ်ဆိုတာကတော့ လူတွေက TikTok ကို မဘန်းဖို့ ဆန္ဒပြနေပါတယ်။

ထွက်လာတဲ့သတင်းတွေကတော့ တစ်ကယ်လို့ TikTok ကိုမရောင်းဖြစ်ရင်တောင် အမေရိကားမှာရှိတဲ့ အသုံးပြုသူတွေသီးသန့်သုံးနိုင်မယ့် For You Algorithm တစ်ခုကို ခွဲထုတ်ပြီး ကုမ္ပဏီဖွင့်ဖို့အတွက် ကြိုးစားနေလို့သတင်းထွက်လာပါတယ်။ ဒါပေမယ့် ဒါဟာ မူလ TikTok လောက်အဆင်ပြေပါ့မလား၊ လွယ်လွယ်ကူကူရောဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းတွေက ရှိနေပါသေးတယ်။

လောလောဆယ်မှာတော့ TikTok ကိုရောင်းမယ်ဆိုတဲ့ သတင်းမှားတွေကို TikTok ဖက်ကအကုန်ငြင်းဆိုပြီး တစ်ခုချင်းစီလိုက်ရှင်းနေသလို တရုတ်မီဒီယာတွေကိုလည်း သတင်းတုတွေမဖြန့်ကြဖို့ သတိပေးထားပါတယ်။ TikTok ဖက်ကလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကိုယ်တိုင်လက်မှတ်ထိုးပြီး အတည်ပြုထားတဲ့ ဥပဒေကို ဖျက်သိမ်းနိုင်ဖို့အတွက် ဖက်ဒရယ်တရားရုံးမှာ ပြန်ပြီး တရားကြားနားဖို့ အမှုဖွင့်ထားပါတယ်။

တစ်ကယ်လို့ နောက်ထပ် ၆ လအတွင်း TikTok ကို အမေရိကန်ပိုင်ရှင် တစ်ဦးစီမရောင်းရင်၊ တရားခွင်မှာလည်း ရှုံးသွားခဲ့ရင် US မှာ TikTok သုံးစွဲခွင့် အပြီးပိုင် ပိတ်သိမ်းမှာပါ။

image