18 w - Translate

လက်စတာနည်းပြသစ်ဟာ နစ္စတယ်လ်ရွိုင်း ဖြစ်လာလေတော့မလား
----------------
မန်ယူတိုက်စစ်မှူးဟောင်းဖြစ်ခဲ့သလို ပီအက်စ်ဗီနည်းပြအဖြစ်နဲ့လည်း အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ နစ္စတယ်လ်ရွိုင်းကို လက်စတာအသင်းက နည်းပြသစ်ခန့်ဖို့ စိတ်ဝင်တစားရှိနေပြီလို့ သိရှိရပါတယ်။လက်စတာဟာ ချယ်လ်ဆီးနဲ့ နာပိုလီနည်းပြဟောင်းဖြစ်ခဲ့ဖူးသူ ဆာရီ ကို နည်းပြသစ်ခန့်ဖို့ ဆက်သွယ်ခဲ့သေးပေမယ့် ဆာရီကတော့ လက်မခံဘဲ ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ ဆိုပါတယ်။

လက်စတာကို ပရီးမီးယားလိဂ်ဆီ တန်းတက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ မာရက်စ်ကာ ဟာ ချယ်လ်ဆီးကို တာဝန်ယူဖို့ အပြီးသတ် သဘောတူညီချက် ရသွားခဲ့ပြီဖြစ်ပြီး တချို့သောသတင်းရင်းမြစ်တွေကဆိုရင် ချယ်လ်ဆီးနဲ့ နည်းပြ မာရက်စ်ကာတို့ရဲ့အကြားမှာ ၅ နှစ်သက်တမ်းစာချုပ်ကို ချုပ်ဆိုပြီး တရားဝင်ခန့်အပ်ပြီးသွားပြီလို့တောင် ရေးသားနေကြပါတယ်။

နစ္စတယ်လ်ရွိုင်းဟာ ပီအက်စ်ဗီကို ၂၀၂၂-၂၃ ဘောလုံးရာသီတုန်းက တာဝန်ယူဦးဆောင်ခဲ့ပြီး အသင်းကို ရှုံးထွက်ဖလား ချန်ပီယံဖြစ်စေခဲ့တဲ့အပြင် နယ်သာလန်ပြိုင်ပွဲမှာလည်း ဒုတိယရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီဘောလုံးရာသီ ပြီးဆုံးချိန်မှာ နစ္စတယ်လ်ရွိုင်းက ရာထူးကနေ နုတ်ထွက်ခဲ့ပြီး လက်ရှိအချိန်တိုင်တဲ့အထိ ဘယ်အသင်းကိုမှ တာဝန်မယူသေးဘဲ မိသားစုနဲ့အတူ နစ္စတယ်လ်ရွိုင်းက အချိန်ကုန်ဆုံးနေဆဲဖြစ်ပါတယ်။

လက်စတာရဲ့နည်းပြသစ်လျာထားစာရင်းထဲမှာ ဘရိုက်တန်နဲ့ ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာလည်း ပါဝင်နေပြီး နစ္စတယ်လ်ရွိုင်းကတော့ အခွင့်ရမယ်ဆိုရင် သူ့အနေနဲ့ ကစားသမားဘဝဖြတ်သန်းကျင်လည်ခဲ့ဖူးရာ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွေဆီ လာရောက်ပြီး နည်းပြပေးခွင့်ရလိုတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

image