18 w - Translate

သိန်း ၂၀ တန် Tablet ဝယ်ရင် ဖုန်းပါလက်ဆောင်ရမဲ့ HUAWEI MatePad 11.5” S ကိုမြန်မာစျေးကွက်အတွက် မ်ိတ်ဆက်သွားပြီ

Pre-Order ကာလမှာဝယ်ရင် Nova 10 SE / Keyboard Cover / HUAWEI M-Pencil 3 တွေရမယ်

Tablet ကိုတစ်ချက်ကြည့်ရရင် Android တွေထဲ ပထမဆုံးပြောရမဲ့ Matte Display သုံးထားတာ မြင်သာအောင် ပြောရရင် iPad Pro တွေမှာပါလာတဲ့ Nano Texture ပုံစံမျိုးပဲ HUAWEI MatePad မှာ ထူးခြားတာကတော့ Full Display တစ်ခုလုံးကို Paper Matte လုပ်ပေးထားတာပဲ ဘောင်တွေချန်မထားတာမိုက်တယ် အားသာချက် အနေနဲ့ ကတော့ စျေးကြီးတဲ့ Storage Option တွေမှ Paper Matte Option ရွေးလို့ရတာမဟုတ်တာပဲ Artist တွေအတွက်တော့ သိန်း ၂၀ နဲ့ Paper Matte Display ရမယ်ဆိုတာ မျက်စိကျစရာဖြစ်မယ်လို့ မြင်တယ်

နောက်ပြီး 144Hz Refresh Rate လဲပါတယ်

Paper Matte Display ကို သန့်ရှင်းရေးလုပ်ဖို့ Microfiber Cloth ဘူးထဲမှာတစ်ခါတည်းထည့်ပေးထားမယ်ပြောတယ်

Tablet က ကိုင်ရတာပေါ့တယ် ပါးတယ် Tablet တစ်ခုလုံးအတွက် Build Quality ပိုင်းက Aluminum ကိုသုံးပေးထားပြီး Unibody Design သုံးပေးထားတယ်

Harmony OS ကိုသုံးပေးထားပြီးတော့ SoC ပိုင်းကတော့ HUAWEI ဘက်က အတိအကျ မပြောထားဘူး

M-Pencil 3 က Pencil Tips နှစ်ခုပါမယ် ပုံဆွဲတာနဲ့စာရေးတာအတွက် အဆင်ပြေမဲ့ နှစ်ခုပေါ့ Pre-Order ကာလမှာဝယ်ရင် Pro App ဖြစ်တဲ့ GoPaint ကို Lifetime သုံးလို့ရမယ့်အခွင့်အရေးနဲ့ ထူးခြားတာဆိုရင် ပုံတွေဆွဲတဲ့အခါ Layer ပေါင်း ၃၀၀ ကျော်အထိ ထည့်လို့ရမယ်ပြောတယ်

သူ့မှာပါတဲ့ Keyboard နဲ့ Pencil က NearLink စနစ်ကိုသုံးထားတာပါ မိုက်တဲ့အချက်က Keyboard ကာဗာပဲ

မြင်သာအောင်ပြောရရင် Keyboard ကာဗာမှာ အစိတ်အပိုင်း နှစ်ခုပါတယ် ကျောဘက်မှာ သံလိုက်နဲ့ကပ်တဲ့အပိုင်းရယ် ၊ Keyboard အပိုင်းရယ်ပေါ့
အဲ့နှစ်ခုကိုက သံလိုက်နဲ့ပဲ ကပ်လို့ခွါလို့ရတယ်
ဆိုတော့ Keyboard မသုံးချင်တဲ့အခါ ကျောဘက် က အပိုင်းကို ပုံထဲကလို ကာဗာ အနေနဲ့ သုံးလို့ရတယ်

imageimage