18 w - Translate

အခေါက်ရွှေစျေး ၅၅ သိန်း ၅ သောင်း၊ အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ဝန်းကျင်ဖြ​င့် စျေးဖွင့်

■ မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၈၃၀ ဝန်းကျင်ရောက်ရှိပြီးကျပ်ငွေတန်ဖိုး အနည်းငယ်ပြန်တက်

ရန်ကုန်၊ မေ ၃၁

ပြည်တွင်းစျေးကွက်တွင် အခေါက်ရွှေစျေးမှာ တစ်ကျပ်သားလျှင် ငွေကျပ် ၅၅ သိန်း ၅ သောင်းရှိပြီး အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ဝန်းကျင်ဖြ​င့် စျေးဖွင့်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ စစ်ကောင်စီ၏ အဖမ်းအဆီးသတင်းများကြောင့် စျေးထိုးဆင်းသွားသော ရွှေစျေးနှင့် အမေရိကန်ဒေါ်လာ စျေးနှုန်းများမှာ ယနေ့တွင်လည်း စျေးအနည်းငယ် အေးနေမည်ဖြစ်ပြီး စစ်ကောင်စီက ရွှေကုန်သည် များအပါအဝင် စီးပွားရေးသမားများကို အစည်းအဝေး ခေါ်ယူထားသည်ဆိုသော သတင်းများကြားသိနေရကြောင်း ရွှေကုန်သည်တစ်ဦးက ဆိုသည်။

"အစည်းအဝေးခေါ်တယ်လို့ သိရတယ်။ ရွှေအသင်းတာဝန်ရှိသူတွေ ၊ ကုန် သည်စက်မှုအသင်းက လုပ်ငန်းရှင်တွေကို ခေါ်တယ်လို့ ပြောတယ်။ စျေးက အေးဦးမယ်။ အရောင်းအဝယ်ကတော့ အရမ်းတက်တုန်းကလည်း ရပ်နေတယ်။ စျေးအေးရင်လည်း ရပ်နေမယ်ထင်တယ်" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

နိုင်ငံခြားငွေလဲဒိုင်တချို့၏အဆိုအရ ထိုင်း-မြန်မာငွေလဲလှယ်နှုန်းထား၊ တရုတ်-မြန်မာငွေလဲလှယ်နှုန်းထားများတွင် မြန်မာကျပ်ငွေ တန်ဖိုး ပြန်လည်မြင့်တက်နေပြီး မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၈၃၀ ဝန်းကျင် စျေး ပြန်တက်လာကြောင်း ပြောဆိုကြသည်။

image