18 w - Translate

AI စနစ်ကိုပေါင်းထည့်လိုက်တဲ့အခါ အတိတ်မှာ ဘာတွေသုံးခဲ့လဲ ၊ ဘာတွေလုပ်ခဲ့တာလဲ ဆိုတာကိုပြန်ကြည့်လို့ရပါပြီ

ဥပမာ ပြောရရင် သင့်ရဲ့ ကွန်ပျူတာမှာ PowerPoint ပေါင်းများစွာ ဖန်တီးထားတဲ့ အလုပ်ရှုပ်တဲ့သူတစ်ယောက်ပေါ့ ဒီထဲကမှ “လက်ကိုင်အိတ်” ပါတဲ့ PowerPoint ကို ပြန်ရှာချင်တယ် PowerPoint ရဲ့ နာမည်ကိုလဲ မမှတ်မိတော့ဘူးဆိုရင်…

recall မှာ “Handbag/လက်ကိုင်အိတ်” ဆိုတာကို Search လုပ်လိုက်တာနဲ့ ကွန်ပျူတာပေါ်မှာ Handbag ပုံ ပေါ်ခဲ့ဖူးတဲ့ နေရာတွေကို အလိုလျောက်ထုတ်ပေးမှာပါ”

recall စနစ်ကိုတော့ NPU ခပ်ကြမ်းကြမ်းပါလာတဲ့ Microsoft Copilot+ PC တွေမှာ စပြီးတွေ့ရတာပါ

recall ဆိုတာ ဘယ်လို အလုပ်လုပ်တဲ့စနစ်လဲဆိုရင်

သူက သင်ကွန်ပျူတာပေါ်မှာ သုံးသမျှကို Screenshot ရိုက်ထားတဲ့ပုံစံမျိုးပါ

Snapshot Data တွေကိုက ကွန်ပျူတာပေါ်မှာ “Local & Private” သိမ်းထားမှာလို့ ပြောတယ်

သို့ပေမဲ့ Password နဲ့ Account info တွေကိုတော့ Auto Hide လုပ်ပေးမှာ မဟုတ်ပါဘူးတဲ့

Hardware Requirement က 256GB Storage ရှိမယ်ဆိုရင် Recall က 25GB ယူမှာဖြစ်ပြီး 3လ အထိ Data တွေကို သိမ်းထားလို့ရပါမယ်တဲ့ ကိုယ်က Storage ပိုပေးရင် အချိန်ပိုများများရမဲ့သဘောပဲပေါ့

Recall စနစ်က မိုက်တယ်ဆိုပေမဲ့ မသုံးချင်ဘူးဆိုတဲ့သူတွေ အနေနဲ့လဲ ပိတ်ထားလို့ရနိုင်မှာပါ

image