18 w - Translate

စံချိန်မှတ်တမ်းကောင်းများစွာနဲ့ အိုလံပီယာကော့စ်ရဲ့ သူရဲကောင်း

အိုလံပီယာကော့စ်ရဲ့ သမိုင်း၀င် ကွန်းဖရန့်လိဂ်အောင်ပွဲမှာ သူရဲကောင်းဖြစ်ခဲ့သူက အသင်းရဲ့တိုက်စစ်မှူး အရုဘ်အယ်လ်ကာဘီ ပါပဲ။

အယ်လ်ကာဘီက ဗိုလ်လုပွဲမှာ ကိုယ့်အသင်း ဗိုလ်စွဲစေမယ့် တစ်လုံးတည်း‌သော အနိုင်ဂိုးကို အချိန်ပိုမိနစ်၃၀ ကုန်ခါနီးမှာ သွင်းယူပြီး ပြိုင်ဘက်ကို အသည်းခွဲခဲ့ပါတယ်။ သူဟာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတစ်လျှောက်မှာ ၁၁ဂိုးအထိ သွင်းယူထားခဲ့ပါပြီ။

အက်စ်တွန်‌ဗီလာနဲ့ ကစားခဲ့တဲ့ ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မော်ရိုကိုတိုက်စစ်မှူးကြီးက နှစ်ကျော့ပေါင်း ၅ဂိုးအထိ သွင်းယူခဲ့တာပါ။ ဒီရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဥရောပပြိုင်ပွဲတစ်ခုအတွင်း သူ့ထက် ဂိုးပိုသွင်းထားတဲ့ ကစားသမား မရှိပါဘူး။

ဒီရာသီစူပါလိဂ်မှာ ၁၈ဂိုးသွင်း၊ ယူရိုပါလိဂ်မှာ ၅ဂိုးသွင်းပြီး ကွန်းဖရန့်လိဂ်မှာ ၁၁ဂိုးသွင်းထားတဲ့ အယ်လ်ကာဘီရဲ့ ဂိုးသွင်းနှုန်းက အထင်ကြီးစရာပါပဲ။

အိုယံပီယာကော့စ်ကို ပထမဆုံး ဥရောပဖလားဆုရှင် ဂရိကလပ်အဖြစ် ပွဲခံစေခဲ့တဲ့ အသက်၃၀အရွယ် တိုက်စစ်မှူးဟာ ဥရောပပြိုင်ပွဲတစ်ခုရဲ့ဖိုင်နယ်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးမော်ရိုကိုသားအဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူဟာ ရော်နယ်လ်ဒို၊ ဘန်ဇီးမား၊ ဖယ်ကာအို (၁၀ဂိုး) တို့ကို ကျော်ဖြတ်ပြီး တစ်ရာသီအတွင်း ဥရောပပြိုင်ပွဲရှူံးထွက်အဆင့်ပွဲစဉ်တွေမှာ ဂိုးအများဆုံးသွင်းယူ (၁၁ဂိုး)အဖြစ် ဂုဏ်ယူစရာစံချိန်တစ်ခုကိုလည်း ထပ်မံပိုင်ဆိုင်ခဲ့ပါပြီ။

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အာဖရိက ကစားသမားဖြစ်တဲ့ လွတ်ခ်မန်းက ဟက်ထရစ်သွင်းယူခဲ့သလို ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲမှာလည်း အာဖရိက ကစားသမားဖြစ်တဲ့ အယ်လ်ကာဘီက အဖိုးတန်အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

image