19 w - Translate

ရေခြား မြေခြားမှာ အထီးကျန်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ

နိုင်ငံအသစ်ကို ပြောင်းရွှေ့တဲ့အခါ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အတွေ့အကြုံအသစ်တွေနဲ့အတူ တွေ့ကြုံတတ်ရတာကတော့ အထီးကျန်မှုပါ။ အလုပ်၊ ကျောင်းနဲ့ တခြားကိစ္စတွေကြောင့် တစ်သက်လုံးနေလာတဲ့ နိုင်ငံကနေပြောင်းရတဲ့အခါ “တစ်ယောက်တည်း”ဆိုတဲ့ ခံစားချက်ကို ရင်ဆိုင်ရတတ်ပါတယ်။ နေရာသစ်ကြောင့် တွေ့ကြုံရတဲ့ အထီးကျန်မှုနဲ့ ပတ်ဝန်းကျင် အသစ်မှာ သူငယ်ချင်း အသိမိတ်ဆွေအသစ်တွေ ဘယ်လိုရှာရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

အထီးကျန်ခြင်းကို ဘယ်လိုရင်ဆိုင်မလဲ?

1). နည်းပညာခေတ်ကြီးမှာ မိုင်တွေဘယ်လောက်ဝေးဝေး မိသားစု၊ သူငယ်ချင်းတွေနဲ့ အွန်လိုင်းကနေ အဆက်အသွယ်မပြတ်နေလို့ရတဲ့ အခွင့်အရေးတွေရှိပါတယ်။ ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ Video Chat နဲ့ဖြစ်ဖြစ် စာတိုပို့ပြီးဖြစ်ဖြစ် အဆက်အသွယ်လုပ်ခြင်းက တစ်ကိုယ်တည်း ဖြစ်နေတဲ့စိတ်ကို သက်သာစေပါတယ်။

2). ကိုယ့်စိတ်ကို တက်ကြွစေတဲ့ အလေ့အထတွေကို လုပ်ဖို့မမေ့ပါနဲ့။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ ကိုယ့်အတွေးကို ချရေးတာ၊ ဝါသနာပါတာလေးတွေလုပ်ပေးတာမျိုးက စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက်လည်း ကောင်းစေပြီး နေရာအသစ်ကြောင့် အထီးကျန်နေတဲ့ စိတ်ကို လျော့ချပေးနိုင်ပါတယ်။

3). ကိုယ့်ရဲ့ တစ်နေ့တာကို ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာနားမယ်ဆိုပြီး စနစ်တကျ စီစဥ်ထားတာမျိုး လုပ်သင့်ပါတယ်။ ဒီလိုလုပ်ထားခြင်းဖြင့် လမ်းပျောက်နေတဲ့စိတ်မျိုးကို လျော့စေပြီး ပတ်ဝန်းကျင်အသစ်မှာ အသားကျဖို့အတွက် အထောက်အကူပြုပေးပါလိမ့်မယ်။

ပတ်ဝန်းကျင်အသစ်မှာ အသိမိတ်ဆွေတွေ ဘယ်လိုရှာမလဲ?

1). ကိုယ်နဲ့ ဝါသနာတူတဲ့ လူတွေနဲ့ တွေ့နိုင်ဖို့ အနီးအနားမှာရှိတဲ့ Local Group တွေကို အွန်လိုင်းကနေ စုံစမ်းကြည့်ပါ။ အားကစား၊ စာပေ၊ ပန်းချီ၊ အနုပညာ စတဲ့ Group တွေရှိတတ်တာမို့ ကိုယ်နဲ့ အကြိုက်တူပြီး ဝါသနာတူတဲ့ အသိမိတ်ဆွေတွေ ရနိုင်ပါတယ်။

2). နိုင်ငံတိုင်းမှာ တရင်းတနှီးနေကြတဲ့ မြန်မာအသိုင်းအဝိုင်းတွေ ရှိတတ်ကြပါတယ်။ ဒီလို အဖွဲ့တွေကို စုံစမ်းပြီး ပါဝင်တာ၊ မြန်မာတွေပဲတွေ့ကြတဲ့ event (ပွဲ)တွေနဲ့ meetup တွေရှိတဲ့အခါ သွားရောက်တာမျိုးနဲ့ လူမျိုးတူ အသိမိတ်ဆွေအသစ်တွေ ရနိုင်ပါတယ်။

3). အရင်ကလုပ်နေကျ ပရဟိတ၊ ပညာရေး နဲ့ဆိုင်တဲ့ လိုအပ်တဲ့နေရာတွေမှာ Volunteer လုပ်ပြီးပါဝင်တာမျိုး လုပ်နိုင်ပါတယ်။ သူများကို ကူညီပေးတာဖြစ်တဲ့အပြင် ကိုယ်တန်ဖိုးထားတဲ့အရာတွေကို လုပ်ရတဲ့အတွက် စိတ်ပျော်စေပြီး စိတ်တူကိုယ်တူ မိတ်ဆွေအသစ်တွေလည်း​ ရနိုင်တဲ့အတွက် အကုန်လုံးအတွက် win-win ပါပဲ။

4). နည်းပညာခေတ်ကြီးမှာ လူသစ်တွေနဲ့တွေ့ဖို့ မခဲယဥ်းတော့ပါဘူး။ အက်ပ် (App) အသစ်တွေက မိနစ်နဲ့မခြားထွက်နေတဲ့အတွက် ကိုယ်နဲ့ ကိုက်မယ့် App မျိုးရွေးချယ်နိုင်ပြီး လူသစ်၊ မိတ်ဆွေအသစ်တွေနဲ့ Connection လုပ်နိုင်ပါတယ်။

နေရာအသစ်မှာ နေသားကျဖို့၊ အသိမိတ်ဆွေတွေ ဖန်တီးဖို့ဆိုတာ အချိန်ယူနိုင်ပါတယ်။ တစ်သက်လုံးသိလာတဲ့ မိတ်ဆွေ၊အသိုင်းအဝိုင်းကနေ အသစ်တစ်နေရာကို ပြောင်းရွှေ့နေထိုင်တာဟာ လူတိုင်းအတွက် အနည်းနဲ့အများခက်ခဲတတ်ပါတယ်။ ဒါပေမယ့် နည်းပညာကို အသုံးချပြီး ချစ်ခင်ရတဲ့သူတွေနဲ့ အဆက်အသွယ်မပြတ်နေတာ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ဝါသနာပါတာလေးတွေလုပ်တာမျိုးနဲ့ စိတ်သက်သာနိုင်သလို အပေါ်ကအချက်တွေထဲက သင့်တော်ရာလေးတွေလိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

image