18 w - Translate

အရင်က သဘောကျခဲ့မိသူတွေ ရှိပေမယ့်
ခဏတာ သဘောကျမိရုံလေးပေါ့

သဘောကျတာထက် ပိုတဲ့ လူတစ်ယောက်ရှိတယ်
သူဘာလုပ်လုပ် ပြုံးနေမိတာမျိုး
သူဘာပြောပြော သဘောကျနေမိတာမျိုးပေါ့

ပိုင်ဆိုင်ရမယ်ဆိုလည်း ပိုင်ဆိုင်ချင်တယ်
မပိုင်ဆိုင်ရရင်လည်း ငေး နေချင်တယ်

အမြတ်နိုးဆုံး ပစ္စည်းတစ်ခုလို၊
အဆုံးရှုံးမခံနိုင်တဲ့ အရာတစ်ခုလို
အနားမှာ ထားချင်ခဲ့တယ်

အပြုံးလေးတွေ သဘောကျတယ်
လက်သွယ်သွယ်လေးတွေ သဘောကျတယ်
သူ့ဖြစ်တည်မှုအကုန် သဘောကျနေမိတယ်

အိပ်မက်ထဲလည်း သူရှိတယ်
အတွေး‌‌တွေထဲမှာလည်း သူရှိတယ်

ကိုယ့် ဖြစ်တည်မှု တစ်ပိုင်းတစ်စက
သူနဲ့ သက်ဆိုင်သလိုမျိုး
သူ့ရဲ့ ဖြစ်တည်မှုတိုင်းက ကိုယ့်ကို ပျော်ရွှင်စေတာမျိုးပေါ့

သူ့ကို မြင်ရင် အမြဲအေးချမ်းတယ်
နွေးထွေးတယ်လို့လည်း ခံစားမိတယ်

အဖြစ်ချင်ဆုံးပြောပါဆို
သူ့ရဲ့ အချစ်ဆုံးလေးဖြစ်ချင်တယ်
သူ့ဘဝရဲ့ အမြတ်နိုးဆုံးလေးဖြစ်ချင်တယ် 🤭

#han_phyo

image