18 w - Translate

ကမ္ဘာ့အကြီးမားဆုံး လိမ်ညာစကားပြောပွဲ

အင်္ဂလန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့အကြီးမားဆုံး လိမ်ညာစကားပြောပွဲ ကျင်းပလေ့ရှိပါတယ်။ ပြိုင်ပွဲဝင်တိုင်းဟာ သူတို့ လိမ်ညာမယ့်ကိစ္စကို လူတွေ ယုံကြည်လာအောင် ပြောနိုင်ဖို့ ၅ မိနစ်စီ အချိန်ရပါတယ်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲမှာ နိုင်ငံရေးသမားတွေနဲ့ ရှေ့နေတွေကိုတော့ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးပါဘူး။

သူတို့ဒေသမှာ စိုက်တဲ့ မုန်လာဥ ဘယ်လောက်ကြီးသလဲဆိုရင် သိုးတစ်ကောင် ဝင်နေလို့ရတဲ့အထိ ကြီးကြောင်း လူတွေယုံလာအောင် လိမ်ပြောခဲ့ဖူးတဲ့ ဘားဆိုင်ပိုင်ရှင် ဝီလ်ရစ်ဆင်ကို အစွဲပြုပြီး ဒီပြိုင်ပွဲကို နှစ်စဉ်ကျင်းပတာလို့ ဆိုပါတယ်။

image