18 w - Translate

စာချုပ်သစ် ချုပ်တော့မှာလား အာတေတာ

အာဆင်နယ်ဟာ အသင်းရဲ့အဓိကကစားသမား အများစုနဲ့ နှစ်ရှည်စာချုပ်တွေ ချုပ်ဆိုထားခဲ့ပြီးပါပြီ။ မကြာခင်မှာတော့ အာဆင်နယ်ဟာ ကစားသမားတွေရဲ့ ဆရာ မီခေးလ်အာတေတာကို မြောက်လန်ဒန်မှာ အကြာကြီးဆက်ရှိနေအောင် အပိုင်ချုပ်သွားဖို့ ရှိနေပါတယ်။

အာတေတာဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာပါ။ ဒါ့ကြောင့် အာဆင်နယ်ဟာ စပိန်သားကို လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ပြင်ဆင်နေခဲ့ပါပြီ။

မီခေးခ်အာတေတာဟာ လက်ရှိ အာဆင်နယ်မှာ တစ်နှစ်လုပ်အားခ ယူရို၉.၅သန်း ရရှိနေတာဖြစ်ပြီး စာချုပ်သစ်မှာတော့ ယူရို၁၀သန်းအထက် ရရှိသွားမှာလို့လည်း သတင်းထွက်နေပါတယ်။

ဒီသတင်းသာ အမှန်ဆိုရင် အာတေတာဟာ ပက်ဂွာဒီယိုလာပြီးရင် ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် လစာငွေအကောင်းဆုံး မန်နေဂျာဖြစ်လာမှာပါ။

အာဆင်နယ်ကို အကောင်းဆုံးပဲ့ကိုင်ပေးနေတဲ့ အာတေတာရဲ့ အရည်အသွေးအပေါ် သဘောကျနှစ်သက်နေတဲ့ ကလပ်အသင်းတွေ ရှိပေမယ့် အာတေတာကတော့ အမ်းမရိတ်မှာ ပျော်နေပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူဖို့ စိတ်အားထက်သန်နေပါတယ်။

ဒါ့ကြောင့် အာဆင်နယ်ပရိသတ်တွေအနေနဲ့ စာချုပ်သစ်ကိစ္စအတွက် သိပ်စိတ်ပူစရာ မရှိပဲ မကြာခင် သတင်းကောင်း ကြားရပါလိမ့်မယ်။

image