18 w - Translate

အားလုံးသိကြတဲ့အတိုင်းပဲ Samsung က Galaxy AI တွေကို Galaxy S24 Series နဲ့အတူ မိတ်ဆက်ပေးခဲ့တယ်။ မိတ်ဆက်ပြီးနောက်ပိုင်းမှာလည်း အရင်မျိူးဆက် Galaxy Devices တွေအတွက် Galaxy AI Update တွေကို ဆက်တိုက် ထုတ်ပေးခဲ့တယ်။ အခုဆိုရင် ၂၀၂၁ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Galaxy S21 Series မှာတောင် Galaxy AI Feature တချိူ့ကို သုံးလို့ရနေပြီ။

Samsung က AI တွေကို ဖုန်းတွေမှာတင် မဟုတ်ဘဲ တခြား Electronic Devices တွေမှာလည်း ထည့်ပေးနေတာပါ။ ဒီလအစောပိုင်းတုန်းက မြန်မာနိုင်ငံမှာ မိတ်ဆက်သွားတဲ့ Samsung TV အသစ်တွေဆိုရင် AI Features တွေ အများကြီးပါလာတယ်။ အဲ့ဒီလိုပဲ Microsoft Copilot+ နဲ့ Snapdragon X Elite Processor ပါတဲ့ AI PC တွေကိုလည်း မိတ်ဆက်ထားသေးတယ်။ အခုလည်း Samsung စမတ်နာရီအသစ်တွေမှာ Galaxy AI တွေ ပါလာတော့မယ်လို့ သိရတယ်။

ကျန်းမာရေးကောင်းဖို့အတွက် ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့က အရေးကြီးတယ်။ ဒါကြောင့်ပဲ Samsung က ကောင်းမွန်စွာအိပ်စက်အနားယူနိုင်ဖို့အတွက် ဦးစားပေးလုပ်ဆောင်နေတာပါ။ Galaxy Watch အသစ်တွေနဲ့အတူ ပါလာမဲ့ Sleep AI Algorithm ဆိုရင် အိပ်စက်နေချိန်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အရင်တုန်းကထက် ပိုပြီးတော့ မှန်မှန်ကန်ကန် တိုင်းတာလာနိုင်ပြီး အသေးစိတ်သိလာတယ်။

ရရှိလာတဲ့ အချက်အလက်တွေကနေတစ်ဆင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက် ဘာတွေလုပ်သင့်တယ်၊ ဘယ်လိုနေထိုင်ရမယ်ဆိုတာမျိူးတွေကို အားပေးလှုံ့ဆော်ရင်း အကြံပြုတာမျိူးတွေပါ လုပ်ပေးနိုင်တယ်လို့ Samsung က ပြောထားတယ်။

ဆိုတော့ Samsung အနေနဲ့ သူတို့ရဲ့ ရှိရှိသမျှ Electronic Devices တွေကို AI တွေနဲ့ပေါင်းစပ်ပြီး အဆင့်မြင့်အောင်လုပ်နေပြီလို့ ပြောရပါမယ်။

image