19 w - Translate

❝ မြန်မာ့ ရွှေအချိန်အတွယ် နှင့် ရွှေဈေးတွက်နည်း ❞

ကျွန်တော် ဒီနေ့ မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ အပေါ်မှာရေးထားတဲ့ အတိုင်း ရွှေနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာလေးတွေထဲက အခြေခံအကျဆုံးဖြစ်တဲ့ ရွှေအချိန်အတွယ်နဲ့ ရွှေဈေးတွက်နည်းလေးကို ဝေမျှပေးချင်ပါတယ်...🤗

၁ ပဲ = ၈ ရွေး
၂ ပဲ = ၁ မူး
၄ ပဲ = ၁ မတ်
၈ ပဲ = ၅ မူး
(၂ ပဲ ကို ၁ မူး လို့ခေါ်ပြီးတော့
၈ ပဲ ကိုတော့ ၂ မတ် လို့မသုံးပဲ့ ၅ မူး ခေါ်ကြပါတယ်)

မီးလင်းအခေါက်ရွှေ ၁ ကျပ်မှာ ၁၆ ပဲ ရှိတာမို့
၁ ကျပ် = ၁၆ ပဲ
၁ ပဲ = ၈ ရွေး
၁ ကျပ် = ၁၂၈ ရွေး
၁ ကျပ် = ၁၆.၆၀၆ ဂရမ်
••••••••••••••••••••••••
၁ကျပ်မှာ ၁၆ပဲရှိလို့ ၁ပဲတန်ဖိုး သိချင်ရင် ရွှေဈေးကို ၁၆နဲ့ စားလိုက်ရုံပါပဲ့
၁ပဲဖိုး= ရွှေဈေး÷16
ဥပမာ- ၁၆ပဲရည်ဈေးနှုန်း>> 1219500/-နှုန်း
ဥပမာ ပြထားတဲ့ ဈေးအရဆိုရင် ..
1219500÷16 = 76218/-
၁ပဲဖိုးသိရပြီဆိုရင်..
၂ပဲဖိုးသိချင်ရင် ၂နဲ့မြှောက်
၃ပဲဖိုးသိချင်ရင် ၃နဲ့မြှောက်ရုံပါပဲနော်..

၈ပဲ(ငါးမူးသား) ဖိုး အကြမ်းသိချင်ရင်လည်း ရွှေဈေးကို ၂နဲ့စားလိုက်ရုံပဲပေါ့..
၄ပဲ(တစ်မတ်သား) ဖိုး အကြမ်းသိချင်ရင်လည်း ရွှေဈေးကို ၄နဲ့ စားလိုက်ပါနော်..
•••••••••••

ကျပ်ပဲရွေးတွေနဲ့ အတိအကျ သိချင်ရင်လည်း တွက်ပြအုံးမယ်..

ဥပမာ- ၁၆ပဲရည်ဈေးနှုန်း>> 1219500/-နှုန်း

ပုစ်ဆာ - 1
ရွှေတင်ချိန်က ၁ကျပ် ၉ပဲ ၂ရွေး ဆိုကြပါဆို့..
ဒါဆိုရင် တွက်နည်းနဲ့ တွက်ကြည့်ရအောင်နော်။

ရွှေဈေးတွက်နည်း 》》
( ရွေး ÷ ၈ + ပဲ ÷ ၁၆ + ကျပ် x ဈေးနှုန်း )

ရွှေတွက်နည်း ဖော်မြူလာလေး နေရာမှာ အခုရွှေချိန်လေးကို အစားထိုး တွက်မယ်ဆိုရင်
2 ÷ 8 + 9 ÷ 16 +1 × 1219500 = 1924523/- ဖြစ်ပါတယ်...

ပုစ်ဆာ - 2
ရွှေတင်ချိန်က ၃ပဲ ၄ရွေး ဆိုကြပါဆို့..
ဒါဆိုရင် တွက်နည်းနဲ့ တွက်ကြည့်ရအောင်နော်။

ရွှေဈေးတွက်နည်း 》》
( ရွေး ÷ ၈ + ပဲ ÷ ၁၆ + ကျပ် x ဈေးနှုန်း )

ရွှေတွက်နည်း ဖော်မြူလာလေး နေရာမှာ အခုရွှေချိန်လေးကို အစားထိုး တွက်မယ်ဆိုရင်
4 ÷ 8 + 3 ÷ 16 × 1219500 = 266765/- ဖြစ်ပါတယ်... (ကျပ်နေရာမှာ မရှိလို့ + 0 လို့ ထည့်ရိုက်မနေဘဲ တန်းပြီး ဈေးနဲ့မြှောက်လိုက်တာပါ)

မိတ်ဆွေတွေတို့ရဲ့အထင်အမြင်တွေကိုလည်း Comment မှာ ရေးပေးသွားပါအုန်းနော်. . .

ဒီစာလေးက မိတ်ဆွေတို့အတွက် အကျိုးရှိစေတယ်ဆိုရင် Like & Share လုပ်သွားဘို့ မမေ့ပါနဲ့နော် 🤗

⧫ ဥစ္စာကြွယ်ဝ Gold DaNa ⧫

🌻အားလုံးကို လေးစားစွာဖြင့် . . . .

image