တစ်ယောက်ယောက်ကို မှီချလိုက်ချင်ပေမယ့်
သူလည်း ဝန်ပိမယ်
ကိုယ်လည်း ပြန်ထနိုင်မယ် မထင်ဘူး။
အဲဒီအသိနဲ့ပဲ တစ်ယောက်တည်းတွေဝေ
ခပ်ပေပေ မာကျောခဲ့ပါတယ်။
ဒဏ်ရာရနေတယ် ဆိုတာမျိုးက
ကြုံဖူးသူချင်းမှ နားထောင်လို့ဖြစ်တာ..
"လဲကျရင်ပြန်ထ"လောက်ကတော့
လူတိုင်းပြောတတ်ပါတယ်....။
စိတ်ထဲကပါတဲ့ကမ္ဘာတွေ မရှိတာ ကြာပြီပဲ။
- ခွန်းညိုသွေး -
