19 w - Translate

ဆုဖလား‌များစွာနဲ့ မွေးနေ့ရှင်

ဒီနေ့က မန်စီးတီးကြယ်ပွင့်လေး ဖီးလ်ဖိုဒန်ရဲ့ ၂၄နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။

ဒီအရွယ်မှာပဲ ဖိုဒန်ဟာ ကလပ်အသင်းနဲ့အတူ ရနိုင်သမျှ ဆုဖလားအားလုံးကို ပိုင်ဆိုင်ထားခဲ့ပါပြီ။

အသင်းနဲ့အတူ European Treble Winner ၊ ပရီးမီးယားလိဂ် ၆ထပ်ကွမ်းဆုရှင်အပြင် တစ်ကိုယ်တော်အနေနဲ့လည်း ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု၊ အကောင်းဆုံး ကစားသမားဆုတွေကို သိမ်းပိုက်ထားခဲ့ပါပြီ။

ရေခံမြေခံကောင်းတဲ့အပြင် သူကိုယ်တိုင်ကလည်း Generation of Talent လို့ ဆိုနိုင်တဲ့အထိ ပါရမီပြည့်၀သူမို့ ဒီလိုအောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့တာ မဟုတ်လား..

တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုတွေကို ပြသထားတဲ့ အင်္ဂလန်သားလေးဟာ သူရဲ့ခြေစွမ်းကို ဆက်ထိန်းသိမ်းထားနိုင်ခဲ့ရင် မကြာခင်မှာတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုပါ စိန်ခေါ်နိုင်တော့မှာပါ။

Happy birthday to you ပါ ဖီးလ်ဖိုဒန်ရေ

image