19 w - Translate

ထိုင်ခုံ တစ်ခုနဲ့ ရာထူးဆိုတာထက်

ထိုင်ခုံပေါ်မှာ ရှိနေတဲ့ လူတစ်ယောက်ရဲ့

တာ၀န်ယူရဲတဲ့စိတ်.. ဆုံးဖြတ်နိုင်စွမ်းရှိတဲ့စိတ်

ထက်မြက်မှု ရှိအောင် လေ့ကျင့်ထားတဲ့ ညဏ်ရည်တွေက ပိုအရေးကြီးတယ်

စာရွက်တွေကြောင့် ထိုင်ခုံရလာရင်

ဖားတတ်တာကြောင့် ထိုင်ခုံ ရလာရင်

လုယူတတ်လို့..သူတစ်ပါးကို ချနင်းတတ်လို့

ထိုင်ခုံရလာရင်..

အဲဒါက တကယ်တော့.. ထိုင်ခုံသက်သက်ပဲ

တကယ့် တကယ် အရည်အချင်းရှိသူဟာ...

ထိုင်ခုံနေရာကို.. မမက်မောဘူး...

ဘာကြောင့်လဲဆိုတော့.. သူတို့ဟာ..

ဘယ်နေရာမှာဆို.. ထိုင်ခုံတစ်နေရာစာ သူတို့အတွက်

အဆင်သင့်ရှိတယ်ဆိုတာ.. သိကြတယ်.

ဒါကြောင့် ထိုင်ခုံလုနေမယ့်အစား

ဘယ်နေရာ ရောက်ရောက် ထိုင်ခုံတစ်ခု ရှိနေမယ့်သူပဲ

ဖြစ်အောင်ကြိုးစားစမ်းပါ ။

image