19 w - Translate

မက်ဒရစ်မှာ အနားယူချင်တဲ့ မိုဒရစ်

"ကျွန်တော့်ဘဝလို ဖြစ်နေတဲ့ ရီးယဲလ်မက်ဒရစ်မှာပဲ ကျွန်တော် ကစားသမားဘ၀အနားယူချင်ပါတယ်" လို့ လူကာမိုဒရစ်က အတည်ပြုပြောကြားလာခဲ့ပါပြီ။

"ကျွန်တော့်ရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ချပြီးပါပြီ။ ဒါပေမယ့် ကျွန်တော် အခုတော့ ထုတ်မပြောနိုင်သေးပါဘူး။ ချန်ပီယံလိဂ်ဖိုင်နယ်အပြီးမှာ ခင်ဗျားတို့သိရမှာပါ"

" ရီးယဲလ်မက်ဒရစ်မှာ ကစားသမားဘ၀ အနားယူချင်တယ်လို့ ကျွန်တော် အမြဲတမ်းပြောခဲ့ဖူးပါတယ်၊ ဒါက ကျွန်တော် တကယ်လိုချင်တဲ့အရာပါ။ မက်ဒရစ်က ကျွန်တော်ရဲ့အိမ်မို့ ဒါက ကျွန်တော့် အိပ်မက်တစ်ခုပါပဲ "

"ရီးယဲလ်မက်ဒရစ်က ကျွန်တော့်ဘဝရဲ့အသင်းတစ်သင်းအဖြစ် အမြဲရှိနေမှာပါ။ ကျွန်တော် တိုနီခရူးစ်လို နှုတ်ဆက်ချင်ပါတယ်။ ဒါဟာ အရမ်းအံ့ဩဖို့ကောင်းပြီး စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်"

မိုဒရစ်က အသင်းမှာ ဆက်နေချင်တယ်ဆိုတဲ့ သူ့ရဲ့ဆန္ဒကို အသိပေးခဲ့ပြီးဖြစ်ပါတယ်။ လစာလျှော့ယူဖို့ ၊ အလှည့်ကျ ပွဲထွက်ဖို့အတွက်လည်း ကိစ္စမရှိပါဘူး။

အသင်းဘက်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာပဲ စောင့်ကြည့်ရပါဦးမယ်။

image