တစ်ယောက်တည်းနေရတာကြိုက်သူတွေကို
Autophile လို့ခေါ်ပါတယ် ။
စာအုပ်တစ်အုပ် ကော်ဖီတစ်ခွက်ရှိရင်
ကိုယ့်အခန်းလေးထဲ ငြိမ်းချမ်းနေတာမျိုး ။
သူငယ်ချင်း၊ မိသားစုတွေနဲ့ အချိန်ပေးတတ်ပေမယ့် သီချင်းလေးနားထောင်ရင်း လွတ်လွတ်လပ်လပ် စက်ဘီးစီးနေရတာ ပိုကြိုက်ကြတယ် ။
အပြင်လူတွေဘက်ကကြည့်ရင်
သူ အထီးကျန်နေလား ။
သူတစ်ယောက်တည်းမလား ။
ပြောကြ၊တွေးကြပေမယ့် Autophile တွေက တကယ်ပျော်တတ်သူတွေပါ ။
အပြင်ထွက်ရတာမကြိုက်တာမဟုတ်ပဲ
လူရှုပ်တာသဘောမကျတာပါ ။
တစ်ယောက်တည်းဆို
ပန်းဆိုင်လေးတွေသွားမယ်..
စာအုပ်ဟောင်းတန်းတွေထဲ မွှေမယ်..
စားချင်တဲ့မုန့်တွေ ဝယ်မယ်..
ပြခန်းတွေထဲ ကော်ဖီတစ်ခွက်နဲ့
ငေးရင် ငေးနေမယ်..
ကောင်းကင်ပြာကို ရင်ဖွင့်ချင်
ရင်ဖွင့်နေကြတာ ။
ကိုယ်တိုင်ဖန်တီးရတဲ့ပျော်ရွှင်မှုမလို့
ဘယ်သူမှလုယူမှာ မကြောက်ရဘူးပေါ့
စကားလေးတစ်ခွန်းရှိတယ်..
I am alone but not lonely.
တစ်ယောက်တည်းပါ ဒါပေမယ့် အထီးမကျန်ပါဘူး ။
#credit_original