19 w - Translate

ဂျပန်ကောင်းကင်မှာ ပေါ်လာတဲ့ ဒေါင်လိုက်အလင်းတန်း ၉ ခု

ပြီးခဲ့တဲ့သီတင်းပတ်က ဂျပန်နိုင်ငံ ကမ်းရိုးတန်းမြို့ ကောင်းကင်ယံမှာ ပေါ်လာတဲ့ ဒေါင်လိုက်အလင်းတန်း ၉ ခုအကြောင်း လူပြောများခဲ့ပြီး ဒီမြင်ကွင်းအကြောင်း တင်ထားတဲ့ တွစ်တာဗီဒီယိုဟာ ကြည့်ရှုမှုအကြိမ်ရေ ၁၂ သန်းကျော် ရှိခဲ့ပါတယ်။

ဒေါင်လိုက်အလင်းတန်းတွေ တွေ့ရတာဟာ ကမ္ဘာပျက်မယ်ဆိုတဲ့ နိမိတ်၊ ဂြိုဟ်သားတွေ ကျူးကျော်ဝင်ရောက်လာတာ အစရှိသဖြင့် မှတ်ချက်အမျိုးမျိုး ပေးကြပေမဲ့ တကယ့်လက်တွေ့အကြောင်းရင်းကတော့ အဲဒီလို မဟုတ်ပါဘူး။

ညအချိန်တွေမှာ အပူချိန်ကျဆင်းပြီး လေထုထဲမှာ ရေတွေခဲသွားတတ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ငါးဖမ်းသင်္ဘောတွေဟာ ငါးတွေကို ဆွဲဆောင်နိုင်ဖို့ အီဆာရီဘီလို့ အမည်ပေးထားတဲ့ မီးတန်းတွေ တပ်ဆင်ထားလေ့ရှိပါတယ်။ အဲဒီအလင်းတန်းတွေက လေထုထဲက ရေခဲတွေဆီ ရိုက်ခတ်ပြီး အလင်းပြန်တဲ့အချိန်မှာ အခုလို ဒေါင်လိုက်အလင်းတန်းတွေ ဖြစ်ပေါ်လာတာပါ။ အဲဒီအလင်းတန်းတွေကို Isaribi Kochu လို့ အမည်ရပါတယ်။ ဒါကြောင့်လည်း ဂျပန်နိုင်ငံရဲ့ ကမ်းရိုးတန်းမြို့တွေမှာ အခုလို
ဒေါင်လိုက်အလင်းတန်းတွေ ပေါ်လာလေ့ရှိပါတယ်။

image